
နိုင္ငံေတာ္အထိမ္းအမွတ္မ်ား (ဆင္ယင္ျပသမႈ ကန္႔သတ္ေရး) အက္ဥပေဒ။
[၁၉၅၄ ခုႏွစ္၊ အက္ဥပေဒအမွတ္ ၄၇။]
(၁၉၅၄ ခု၊ ေအာက္တိုဘာလ ၉ ရက္။)
[ ျပင္ဆင္ : 17.03.2015 ]
ေအာက္ပါအတိုင္း အက္ဥပေဒအျဖစ္ ျပ႒ာန္းလိုက္သည္။
၁။ ။ ဤအက္ဥပေဒကို ၁၉၅၄ ခုႏွစ္၊ နိုင္ငံေတာ္အထိမ္းအမွတ္မ်ား (ဆင္ယင္ျပသမႈကန္႔သတ္ေရး) အက္ ဥပေဒဟု ေခၚရမည္။
၂။ ။ ဤအက္ဥပေဒတြင္ ေရွ႕ေနာက္စကားတို႔၏ အဓိပၸါယ္ကို ေထာက္ထားရန္ မလိုလၽွင္-
(က) “နိုင္ငံေတာ္အထိမ္းအမွတ္” ဆိုသည္မွာ အခ်ဳပ္အျခာအာဏာပိုင္ နိုင္ငံတခု၏၊ သို႔တည္းမဟုတ္ လက္ေအာက္ခံနိုင္ငံတခု၏၊ သို႔တည္းမဟုတ္ ထိုနိုင္ငံတစိတ္တေဒသ၏အလံ၊ သို႔တည္းမဟုတ္ တံခြန္၊ သို႔တည္းမဟုတ္ အျခားအထိမ္းအမွတ္ကို ဆိုလိုသည့္ျပင္၊ ထိုစကားရပ္တြင္ အခ်ဳပ္အျခာအာဏာပိုင္နိုင္ ငံတခု၏၊ သို႔တည္းမဟုတ္ လက္ေအာက္ခံနိုင္ငံတခု၏၊ သို႔တည္းမဟုတ္ ထိုနိုင္ငံတစိတ္တေဒသ၏ အသက္ထင္ရွားရွိေသာ၊ သို႔တည္းမဟုတ္ ကြယ္လြန္ၿပီးေသာ အမ်ိဳးသားေခါင္းေဆာင္ဓါတ္ပုံသည္၎၊ အမ်ိဳးသားေခါင္းေဆာင္ႏွင့္ ဆင္တူရိုးမွားျဖစ္ေအာင္တနည္းနည္းျဖင့္ျပဳလုပ္ထားေသာပုံသည္၎၊ နိုင္ငံ ေတာ္အထိမ္းအမွတ္ႏွင့္ ဆင္တူရိုးမွားျဖစ္ေသာ အရာဝတၳဳသည္၎ ပါဝင္သည္။
(ခ) “ဥပစာ” ဆိုသည္တြင္ေျမ၊ အေဆာက္အအုံ၊ ေရယာဥ္၊ ကုန္းယာဥ္၊ ေနရာဌာနတခုခုေသာ္၎၊ အဆိုပါေျမ၊ အေဆာက္အအုံ၊ ေရယာဥ္၊ ကုန္းယာဥ္၊ ေနရာဌာနတခုခု၏ တစိတ္တပိုင္းေသာ္၎ ပါဝင္ သည္။
၃။ ။ (၁) နိုင္ငံေတာ္အထိမ္းအမွတ္ကို ပုဒ္မ ၄ ပါျပ႒ာန္းခ်က္မ်ားႏွင့္၎၊ ပုဒ္မ ၅ အရ ျပဳသည့္အမိန္႔ တရပ္ရပ္ပါ ျပ႒ာန္းခ်က္မ်ားႏွင့္၎ မညီညြတ္ဘဲ ျပည္သူအမ်ားျမင္သာေအာင္ ဆင္ယင္ျပသျခင္းကို တား ျမစ္သည္။
(၂) ဤပုဒ္မပါ ကိစၥမ်ားအလို႔ငွါ၊ ျပည္သူအမ်ား၊ သို႔တည္းမဟုတ္ ျပည္သူအခ်ိဳ႕သြားလာပိုင္ခြင့္ရွိသည့္ လမ္းႀကီး လမ္းငယ္၊ တံတား၊ လမ္းၾကား၊ သို႔တည္းမဟုတ္ လူသြားလမ္းေပၚတြင္ေသာ္၎၊ ျပည္သူ မ်ားက၊ သို႔တည္းမဟုတ္ ျပည္သူအခ်ိဳ႕က အခေၾကးေငြေပး၍ျဖစ္ေစ၊ အျခားနည္းျဖင့္ျဖစ္ေစ ဝင္ထြက္နိုင္ သည့္ ဥပစာတြင္ေသာ္၎၊ နိုင္ငံေတာ္အထိမ္းအမွတ္တခုခုကို ဆင္ယင္ျပသလၽွင္၊ သို႔တည္းမဟုတ္ အဆို ပါလမ္းႀကီး လမ္းငယ္၊ တံတား၊ လမ္းၾကား၊ လူသြားလမ္း၊ သို႔တည္းမဟုတ္ ဥပစာတခုခုတြင္ သြားလာ ဝင္ထြက္ေနေသာ၊ သို႔တည္းမဟုတ္ ရွိေနေသာျပည္သူမ်ားအနက္ တဦးဦးျမင္သာေအာင္ ဆင္ယင္ျပသ လၽွင္၊ ထိုနိုင္ငံေတာ္အထိမ္းအမွတ္ကို ျပည္သူအမ်ားျမင္သာေအာင္ ဆင္ယင္ျပသသည္ဟု မွတ္ယူရမည္။
၄။ ။ ပုဒ္မ ၃ ပါျပ႒ာန္းခ်က္မ်ားသည္၊ နိုင္ငံေတာ္အထိမ္းအမွတ္ကို ေအာက္တြင္ ေဖၚျပထားသည့္အ တိုင္း ဆင္ယင္ျပသျခင္းႏွင့္ မသက္ဆိုင္ေစရ။
(က) ျပည္ေထာင္စုျမန္မာနိုင္ငံ၏ နိုင္ငံေတာ္အထိမ္းအမွတ္ကို ဆင္ယင္ျပသျခင္း။
(ခ) ျပည္ေထာင္စုျမန္မာနိုင္ငံသို႔ သံတမန္အျဖစ္ျဖင့္၊ သို႔တည္းမဟုတ္ ေကာင္စစ္ကိုယ္စားလွယ္အျဖစ္ ျဖင့္ နည္းလမ္းတက်ေစလႊတ္ျခင္းခံရသူ နိုင္ငံျခားသားက မိမိနိုင္ငံ၏နိုင္ငံေတာ္အထိမ္းအမွတ္ကို ဆင္ ယင္ျပသျခင္း။
(ဂ) သေဘၤာ၊ သို႔တည္းမဟုတ္ ေလယာဥ္ပ်ံေပၚတြင္ နိုင္ငံေတာ္အထိမ္းအမွတ္ကို ဆင္ယင္ျပသျခင္း။
(ဃ) ႐ုပ္ရွင္ျပသျခင္းဆိုင္ရာ အက္ဥပေဒပါ ျပ႒ာန္းခ်က္မ်ားအရ၊ ျပသခြင့္ရသည့္ ႐ုပ္ရွင္ကားကို၊ ျပသ ေနစဥ္ နိုင္ငံေတာ္အထိမ္းအမွတ္တခုခုကို ျပသျခင္း။
(င) ႐ုပ္ရွင္ျပသျခင္းဆိုင္ရာ အက္ဥပေဒပါ ျပ႒ာန္းခ်က္မ်ားအရ၊ ျပသခြင့္ရသည့္ ႐ုပ္ရွင္ကားတခုခု ေၾကာ္ျငာရန္အ႐ုပ္ကား၊ ဓါတ္ပုံ၊ ပိုစတာ၊ သို႔တည္းမဟုတ္ ႐ုပ္ပုံအားျဖင့္ နိုင္ငံေတာ္အထိမ္းအမွတ္ကို ဆင္ယင္ျပသျခင္း။
၅။ ။ နိုင္ငံေတာ္သမတသည္၊ အမိန္႔ထုတ္ျပန္၍ ထိုအမိန္႔တြင္ သီးျခားေဖၚျပထားသည့္ နိုင္ငံေတာ္အ ထိမ္းအမွတ္ ဆင္ယင္ျပသျခင္းကို၊ ပုဒ္မ ၃ ပါျပ႒ာန္းခ်က္မ်ားမွကင္းလြတ္ခြင့္ျပဳနိုင္သည္။ ထို႔ျပင္ အဆို ပါအမိန္႔တြင္ ထိုသို႔ဆင္ယင္ျပသရန္ နည္းလမ္းကို စည္းမ်ဥ္းသတ္မွတ္နိုင္သည့္ျပင္၊ ထိုသို႔ ဆင္ယင္ျပသ ခြင့္ျပဳသည့္ ကာလအပိုင္းအျခားကိုလည္း ကန္႔သတ္နိုင္သည္။
၆။ ။ (၁) ခရိုင္ရာဇဝတ္တရားသူႀကီး၌ျဖစ္ေစ၊ နယ္ပိုင္ရာဇဝတ္တရားသူႀကီး၌ျဖစ္ေစ၊ ပဌမတန္း၊ သို႔ တည္းမဟုတ္ ဒုတိယတန္း ရာဇဝတ္တရားသူႀကီး၌ျဖစ္ေစ၊ နိုင္ငံေတာ္သမတက ဤကိစၥအလို႔ငွါ အာ ဏာအပ္ႏွင္းထားေသာ အျခားအရာရွိတဦးဦး၌ျဖစ္ေစ ယုံၾကည္ေလာက္ေသာသတင္းေပးခ်က္အရ ေသာ္ ၎၊ အျခားလုံေလာက္ေသာ အေၾကာင္းေၾကာင့္ေသာ္၎ ဤအက္ဥပေဒအရ ျပစ္မႈက်ဴးလြန္သည္ဟု ယုံၾကည္ရန္အေၾကာင္းရွိလၽွင္၊ ထိုသတင္းေပးခ်က္ကို၊ သို႔တည္းမဟုတ္ ထိုအေၾကာင္းကို ေရးမွတ္ၿပီး ေနာက္ ထိုရာဇဝတ္တရားသူႀကီး၊ သို႔တည္းမဟုတ္ ထိုအရာရွိကိုယ္တိုင္ေသာ္၎၊ ၎က ဝါရမ္းထုတ္ ေပးထားသည့္ ရဲအရာရွိကေသာ္၎-
(က) ဤအက္ဥပေဒအရ ျပစ္မႈတခုခုကို က်ဴးလြန္သည္ဟု မိမိယုံၾကည္ဘြယ္ရာအေၾကာင္းရွိသူကို ဖမ္း ဆီးနိုင္သည္၊ ထို႔ျပင္
(ခ) နိုင္ငံေတာ္အထိမ္းအမွတ္ကို ဤအက္ဥပေဒပါျပ႒ာန္းခ်က္မ်ားႏွင့္ျဖစ္ေစ၊ ဤအက္ဥပေဒပါ ၿပ ႒ာန္းခ်က္မ်ားအရ ျပဳသည့္အမိန္႔တရပ္ရပ္ႏွင့္ျဖစ္ေစ ဆန္႔က်င္၍ ဆင္ယင္ျပသထားသည့္ဥပစာသို႔ ဝင္ ေရာက္လ်က္ အဆိုပါ အထိမ္းအမွတ္ကို သိမ္းယူနိုင္သည္။ ထို႔ျပင္ ထိုသို႔ဝင္ေရာက္သည့္ ဥပစာကို ရွာေဖြ ၍၊ ဥပစာတြင္ ဤအက္ဥပေဒအရ ျပစ္မႈက်ဴးလြန္ေၾကာင္း သက္ေသခံျဖစ္သည္ဟု မိမိယုံၾကည္ေလာက္ ေသာ အေၾကာင္းရွိသည့္ ပစၥည္းတခုခုကိုေတြ႕ရွိလၽွင္၊ ထိုပစၥည္းကိုလည္း သိမ္းယူနိုင္သည္။
(၂) ပုဒ္မခြဲ (၁) အရ သတင္းေပးခ်က္အက်ဥ္းခ်ဳပ္ကို၊ သို႔တည္းမဟုတ္ လုံေလာက္ေသာအေၾကာင္း အ က်ဥ္းခ်ဳပ္ကို ေရးမွတ္သည့္ ရာဇဝတ္တရားသူႀကီးမွာ၊ သို႔တည္းမဟုတ္ အရာရွိမွာ၊ ထိုမွတ္တမ္းတြင္ သတင္းေပးသူ၏အမည္ကို ေဖၚျပေရးသားရန္ တာဝန္မရွိေစရ။
(၃) ပုဒ္မခြဲ (၁) အရ၊ ရွာေဖြသည့္အခါတိုင္း ရာဇဝတ္က်င့္ထုံးဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ရွာေဖြ ရမည္။
(၄) ပုဒ္မခြဲ (၁) အရ ဥပစာတြင္းသို႔ ရဲအရာရွိတဦးဦးဝင္ေရာက္သည့္အခါ၊ ထိုပုဒ္မခြဲအရ ေဆာင္ရြက္ၿပီး စီးသည္ႏွင့္တၿပိဳင္နက္ ထိုရဲအရာရွိက မိမိမည္ကဲ့သို႔ ေဆာင္ရြက္ေၾကာင္းေဖၚျပသည့္ အစီရင္ခံစာကို (ဝါရမ္းစာရွိလၽွင္) ထိုဝါရမ္းစာႏွင့္တကြ၊ က်ဴးလြန္သည္ဟု ထင္ရေသာ ျပစ္မႈကို စီရင္ပိုင္ခြင့္ရွိေသာ ရာ ဇဝတ္တရားသူႀကီးတဦးဦးထံ ခ်က္ျခင္းတင္သြင္းရမည့္ျပင္ ဖမ္းဆီးခံရသူႏွင့္တကြ သိမ္းယူသည့္ပစၥည္း မ်ားကိုလည္း ထိုရာဇဝတ္တရားသူႀကီးထံ ခ်က္ျခင္းပို႔ရမည္။
သို႔ရာတြင္ ထိုရဲအရာရွိသည္ ဖမ္းဆီးခံရသူကို ထိုရာဇဝတ္တရားသူႀကီး ေရွ႕လာေရာက္ရမည္ဟု စည္း ကမ္းခ်က္ထား၍ ခံဝန္သူႏွင့္ျဖစ္ေစ၊ ကိုယ္တိုင္ခံဝန္ခ်ဳပ္ႏွင့္ျဖစ္ေစ လႊတ္နိုင္သည္။ ထိုရဲအရာရွိသည္၊ ထို သူကို ဖမ္းဆီးၿပီးေနာက္ သုံးနာရီအတြင္း ရာဇဝတ္တရားသူႀကီးတဦးဦးထံမပို႔လၽွင္၊ သင့္ေလ်ာ္လုံ ေလာက္သည့္ ခံဝန္သူႏွင့္ျဖစ္ေစ၊ ကိုယ္တိုင္ခံဝန္ခ်ဳပ္ႏွင့္ျဖစ္ေစ ထိုသူအားလႊတ္ရမည္။
ထို႔ျပင္ မည္သူ႔ကိုမၽွ ဖမ္းဆီးျခင္းမျပဳလၽွင္၊ ရဲအရာရွိသည္ မိမိေဆာင္ရြက္ခ်က္ကို ဝါရမ္းထုတ္ေပးသည့္ ရာဇဝတ္တရားသူႀကီးထံ၊ သို႔တည္းမဟုတ္ အရာရွိထံ အစီရင္ခံရမည္။
၇။ ။ မည္သူမဆို-
(က) နိုင္ငံေတာ္အထိမ္းအမွတ္ကို ဤအက္ဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္ျဖစ္ေစ၊ ဤအက္ဥပေဒအရျပဳသည့္ အမိန္႔တစ္ရပ္ရပ္ႏွင့္ျဖစ္ေစ ဆန္႔က်င္၍ ဆင္ယင္ျပသလၽွင္၊ သို႔မဟုတ္
(ခ) ဥပစာတစ္ခုခု ပိုင္ဆိုင္သူ၊ အငွားေနထိုင္သူ၊ အငွားခ်ထားခံရသူ၊ လက္ရွိေနထိုင္သူ သို႔မဟုတ္ ထိန္းသိမ္းရသူျဖစ္၍ အဆိုပါဥပစာေပၚတြင္လည္းေကာင္း၊ အဆိုပါဥပစာမွ ေသာ္လည္းေကာင္း နိုင္ငံေတာ္အထိမ္းအမွတ္ကို ဤအက္ဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္ျဖစ္ေစ၊ ဤအက္ဥပေဒအရျပဳသည့္ အမိန္႔တစ္ရပ္ရပ္ႏွင့္ျဖစ္ေစဆန္႔က်င္၍ ဆင္ယင္ျပသျခင္းကို သိလ်က္ႏွင့္ခြင့္ျပဳလၽွင္ ထိုသူကို တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္တစ္သိန္းထက္မပိုေသာေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္။
<ျပင္ဆင္ 17.03.2015>
—– Footnote —–
[ပင္ရင္း- The Burma Code Volume (II) မွ ကူးယူတင္ျပသည္။]

နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေ။
[၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၇။]
(၁၉၅၄ ခု၊ အောက်တိုဘာလ ၉ ရက်။)
[ ပြင်ဆင် : 17.03.2015 ]
အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။
၁။ ။ ဤအက်ဥပဒေကို ၁၉၅၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှုကန့်သတ်ရေး) အက် ဥပဒေဟု ခေါ်ရမည်။
၂။ ။ ဤအက်ဥပဒေတွင် ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်ကို ထောက်ထားရန် မလိုလျှင်-
(က) “နိုင်ငံတော်အထိမ်းအမှတ်” ဆိုသည်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတခု၏၊ သို့တည်းမဟုတ် လက်အောက်ခံနိုင်ငံတခု၏၊ သို့တည်းမဟုတ် ထိုနိုင်ငံတစိတ်တဒေသ၏အလံ၊ သို့တည်းမဟုတ် တံခွန်၊ သို့တည်းမဟုတ် အခြားအထိမ်းအမှတ်ကို ဆိုလိုသည့်ပြင်၊ ထိုစကားရပ်တွင် အချုပ်အခြာအာဏာပိုင်နိုင် ငံတခု၏၊ သို့တည်းမဟုတ် လက်အောက်ခံနိုင်ငံတခု၏၊ သို့တည်းမဟုတ် ထိုနိုင်ငံတစိတ်တဒေသ၏ အသက်ထင်ရှားရှိသော၊ သို့တည်းမဟုတ် ကွယ်လွန်ပြီးသော အမျိုးသားခေါင်းဆောင်ဓါတ်ပုံသည်၎င်း၊ အမျိုးသားခေါင်းဆောင်နှင့် ဆင်တူရိုးမှားဖြစ်အောင်တနည်းနည်းဖြင့်ပြုလုပ်ထားသောပုံသည်၎င်း၊ နိုင်ငံ တော်အထိမ်းအမှတ်နှင့် ဆင်တူရိုးမှားဖြစ်သော အရာဝတ္ထုသည်၎င်း ပါဝင်သည်။
(ခ) “ဥပစာ” ဆိုသည်တွင်မြေ၊ အဆောက်အအုံ၊ ရေယာဉ်၊ ကုန်းယာဉ်၊ နေရာဌာနတခုခုသော်၎င်း၊ အဆိုပါမြေ၊ အဆောက်အအုံ၊ ရေယာဉ်၊ ကုန်းယာဉ်၊ နေရာဌာနတခုခု၏ တစိတ်တပိုင်းသော်၎င်း ပါဝင် သည်။
၃။ ။ (၁) နိုင်ငံတော်အထိမ်းအမှတ်ကို ပုဒ်မ ၄ ပါပြဋ္ဌာန်းချက်များနှင့်၎င်း၊ ပုဒ်မ ၅ အရ ပြုသည့်အမိန့် တရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်၎င်း မညီညွတ်ဘဲ ပြည်သူအများမြင်သာအောင် ဆင်ယင်ပြသခြင်းကို တား မြစ်သည်။
(၂) ဤပုဒ်မပါ ကိစ္စများအလို့ငှါ၊ ပြည်သူအများ၊ သို့တည်းမဟုတ် ပြည်သူအချို့သွားလာပိုင်ခွင့်ရှိသည့် လမ်းကြီး လမ်းငယ်၊ တံတား၊ လမ်းကြား၊ သို့တည်းမဟုတ် လူသွားလမ်းပေါ်တွင်သော်၎င်း၊ ပြည်သူ များက၊ သို့တည်းမဟုတ် ပြည်သူအချို့က အခကြေးငွေပေး၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ဝင်ထွက်နိုင် သည့် ဥပစာတွင်သော်၎င်း၊ နိုင်ငံတော်အထိမ်းအမှတ်တခုခုကို ဆင်ယင်ပြသလျှင်၊ သို့တည်းမဟုတ် အဆို ပါလမ်းကြီး လမ်းငယ်၊ တံတား၊ လမ်းကြား၊ လူသွားလမ်း၊ သို့တည်းမဟုတ် ဥပစာတခုခုတွင် သွားလာ ဝင်ထွက်နေသော၊ သို့တည်းမဟုတ် ရှိနေသောပြည်သူများအနက် တဦးဦးမြင်သာအောင် ဆင်ယင်ပြသ လျှင်၊ ထိုနိုင်ငံတော်အထိမ်းအမှတ်ကို ပြည်သူအများမြင်သာအောင် ဆင်ယင်ပြသသည်ဟု မှတ်ယူရမည်။
၄။ ။ ပုဒ်မ ၃ ပါပြဋ္ဌာန်းချက်များသည်၊ နိုင်ငံတော်အထိမ်းအမှတ်ကို အောက်တွင် ဖေါ်ပြထားသည့်အ တိုင်း ဆင်ယင်ပြသခြင်းနှင့် မသက်ဆိုင်စေရ။
(က) ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်ကို ဆင်ယင်ပြသခြင်း။
(ခ) ပြည်ထောင်စုမြန်မာနိုင်ငံသို့ သံတမန်အဖြစ်ဖြင့်၊ သို့တည်းမဟုတ် ကောင်စစ်ကိုယ်စားလှယ်အဖြစ် ဖြင့် နည်းလမ်းတကျစေလွှတ်ခြင်းခံရသူ နိုင်ငံခြားသားက မိမိနိုင်ငံ၏နိုင်ငံတော်အထိမ်းအမှတ်ကို ဆင် ယင်ပြသခြင်း။
(ဂ) သင်္ဘော၊ သို့တည်းမဟုတ် လေယာဉ်ပျံပေါ်တွင် နိုင်ငံတော်အထိမ်းအမှတ်ကို ဆင်ယင်ပြသခြင်း။
(ဃ) ရုပ်ရှင်ပြသခြင်းဆိုင်ရာ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ၊ ပြသခွင့်ရသည့် ရုပ်ရှင်ကားကို၊ ပြသ နေစဉ် နိုင်ငံတော်အထိမ်းအမှတ်တခုခုကို ပြသခြင်း။
(င) ရုပ်ရှင်ပြသခြင်းဆိုင်ရာ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ၊ ပြသခွင့်ရသည့် ရုပ်ရှင်ကားတခုခု ကြော်ငြာရန်အရုပ်ကား၊ ဓါတ်ပုံ၊ ပိုစတာ၊ သို့တည်းမဟုတ် ရုပ်ပုံအားဖြင့် နိုင်ငံတော်အထိမ်းအမှတ်ကို ဆင်ယင်ပြသခြင်း။
၅။ ။ နိုင်ငံတော်သမတသည်၊ အမိန့်ထုတ်ပြန်၍ ထိုအမိန့်တွင် သီးခြားဖေါ်ပြထားသည့် နိုင်ငံတော်အ ထိမ်းအမှတ် ဆင်ယင်ပြသခြင်းကို၊ ပုဒ်မ ၃ ပါပြဋ္ဌာန်းချက်များမှကင်းလွတ်ခွင့်ပြုနိုင်သည်။ ထို့ပြင် အဆို ပါအမိန့်တွင် ထိုသို့ဆင်ယင်ပြသရန် နည်းလမ်းကို စည်းမျဉ်းသတ်မှတ်နိုင်သည့်ပြင်၊ ထိုသို့ ဆင်ယင်ပြသ ခွင့်ပြုသည့် ကာလအပိုင်းအခြားကိုလည်း ကန့်သတ်နိုင်သည်။
၆။ ။ (၁) ခရိုင်ရာဇဝတ်တရားသူကြီး၌ဖြစ်စေ၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး၌ဖြစ်စေ၊ ပဌမတန်း၊ သို့ တည်းမဟုတ် ဒုတိယတန်း ရာဇဝတ်တရားသူကြီး၌ဖြစ်စေ၊ နိုင်ငံတော်သမတက ဤကိစ္စအလို့ငှါ အာ ဏာအပ်နှင်းထားသော အခြားအရာရှိတဦးဦး၌ဖြစ်စေ ယုံကြည်လောက်သောသတင်းပေးချက်အရ သော် ၎င်း၊ အခြားလုံလောက်သော အကြောင်းကြောင့်သော်၎င်း ဤအက်ဥပဒေအရ ပြစ်မှုကျူးလွန်သည်ဟု ယုံကြည်ရန်အကြောင်းရှိလျှင်၊ ထိုသတင်းပေးချက်ကို၊ သို့တည်းမဟုတ် ထိုအကြောင်းကို ရေးမှတ်ပြီး နောက် ထိုရာဇဝတ်တရားသူကြီး၊ သို့တည်းမဟုတ် ထိုအရာရှိကိုယ်တိုင်သော်၎င်း၊ ၎င်းက ဝါရမ်းထုတ် ပေးထားသည့် ရဲအရာရှိကသော်၎င်း-
(က) ဤအက်ဥပဒေအရ ပြစ်မှုတခုခုကို ကျူးလွန်သည်ဟု မိမိယုံကြည်ဘွယ်ရာအကြောင်းရှိသူကို ဖမ်း ဆီးနိုင်သည်၊ ထို့ပြင်
(ခ) နိုင်ငံတော်အထိမ်းအမှတ်ကို ဤအက်ဥပဒေပါပြဋ္ဌာန်းချက်များနှင့်ဖြစ်စေ၊ ဤအက်ဥပဒေပါ ပြ ဋ္ဌာန်းချက်များအရ ပြုသည့်အမိန့်တရပ်ရပ်နှင့်ဖြစ်စေ ဆန့်ကျင်၍ ဆင်ယင်ပြသထားသည့်ဥပစာသို့ ဝင် ရောက်လျက် အဆိုပါ အထိမ်းအမှတ်ကို သိမ်းယူနိုင်သည်။ ထို့ပြင် ထိုသို့ဝင်ရောက်သည့် ဥပစာကို ရှာဖွေ ၍၊ ဥပစာတွင် ဤအက်ဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း သက်သေခံဖြစ်သည်ဟု မိမိယုံကြည်လောက် သော အကြောင်းရှိသည့် ပစ္စည်းတခုခုကိုတွေ့ရှိလျှင်၊ ထိုပစ္စည်းကိုလည်း သိမ်းယူနိုင်သည်။
(၂) ပုဒ်မခွဲ (၁) အရ သတင်းပေးချက်အကျဉ်းချုပ်ကို၊ သို့တည်းမဟုတ် လုံလောက်သောအကြောင်း အ ကျဉ်းချုပ်ကို ရေးမှတ်သည့် ရာဇဝတ်တရားသူကြီးမှာ၊ သို့တည်းမဟုတ် အရာရှိမှာ၊ ထိုမှတ်တမ်းတွင် သတင်းပေးသူ၏အမည်ကို ဖေါ်ပြရေးသားရန် တာဝန်မရှိစေရ။
(၃) ပုဒ်မခွဲ (၁) အရ၊ ရှာဖွေသည့်အခါတိုင်း ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရှာဖွေ ရမည်။
(၄) ပုဒ်မခွဲ (၁) အရ ဥပစာတွင်းသို့ ရဲအရာရှိတဦးဦးဝင်ရောက်သည့်အခါ၊ ထိုပုဒ်မခွဲအရ ဆောင်ရွက်ပြီး စီးသည်နှင့်တပြိုင်နက် ထိုရဲအရာရှိက မိမိမည်ကဲ့သို့ ဆောင်ရွက်ကြောင်းဖေါ်ပြသည့် အစီရင်ခံစာကို (ဝါရမ်းစာရှိလျှင်) ထိုဝါရမ်းစာနှင့်တကွ၊ ကျူးလွန်သည်ဟု ထင်ရသော ပြစ်မှုကို စီရင်ပိုင်ခွင့်ရှိသော ရာ ဇဝတ်တရားသူကြီးတဦးဦးထံ ချက်ခြင်းတင်သွင်းရမည့်ပြင် ဖမ်းဆီးခံရသူနှင့်တကွ သိမ်းယူသည့်ပစ္စည်း များကိုလည်း ထိုရာဇဝတ်တရားသူကြီးထံ ချက်ခြင်းပို့ရမည်။
သို့ရာတွင် ထိုရဲအရာရှိသည် ဖမ်းဆီးခံရသူကို ထိုရာဇဝတ်တရားသူကြီး ရှေ့လာရောက်ရမည်ဟု စည်း ကမ်းချက်ထား၍ ခံဝန်သူနှင့်ဖြစ်စေ၊ ကိုယ်တိုင်ခံဝန်ချုပ်နှင့်ဖြစ်စေ လွှတ်နိုင်သည်။ ထိုရဲအရာရှိသည်၊ ထို သူကို ဖမ်းဆီးပြီးနောက် သုံးနာရီအတွင်း ရာဇဝတ်တရားသူကြီးတဦးဦးထံမပို့လျှင်၊ သင့်လျော်လုံ လောက်သည့် ခံဝန်သူနှင့်ဖြစ်စေ၊ ကိုယ်တိုင်ခံဝန်ချုပ်နှင့်ဖြစ်စေ ထိုသူအားလွှတ်ရမည်။
ထို့ပြင် မည်သူ့ကိုမျှ ဖမ်းဆီးခြင်းမပြုလျှင်၊ ရဲအရာရှိသည် မိမိဆောင်ရွက်ချက်ကို ဝါရမ်းထုတ်ပေးသည့် ရာဇဝတ်တရားသူကြီးထံ၊ သို့တည်းမဟုတ် အရာရှိထံ အစီရင်ခံရမည်။
၇။ ။ မည်သူမဆို-
(က) နိုင်ငံတော်အထိမ်းအမှတ်ကို ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် အမိန့်တစ်ရပ်ရပ်နှင့်ဖြစ်စေ ဆန့်ကျင်၍ ဆင်ယင်ပြသလျှင်၊ သို့မဟုတ်
(ခ) ဥပစာတစ်ခုခု ပိုင်ဆိုင်သူ၊ အငှားနေထိုင်သူ၊ အငှားချထားခံရသူ၊ လက်ရှိနေထိုင်သူ သို့မဟုတ် ထိန်းသိမ်းရသူဖြစ်၍ အဆိုပါဥပစာပေါ်တွင်လည်းကောင်း၊ အဆိုပါဥပစာမှ သော်လည်းကောင်း နိုင်ငံတော်အထိမ်းအမှတ်ကို ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် အမိန့်တစ်ရပ်ရပ်နှင့်ဖြစ်စေဆန့်ကျင်၍ ဆင်ယင်ပြသခြင်းကို သိလျက်နှင့်ခွင့်ပြုလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
<ပြင်ဆင် 17.03.2015>
—– Footnote —–
[ပင်ရင်း- The Burma Code Volume (II) မှ ကူးယူတင်ပြသည်။]