ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ) အက်ဥပဒေ။
(၁၉၅၄ ခုနှစ်၊ အက်ဥပဒေအမှတ် ၅၉)
(၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။)
[ ပြင်ဆင် : 10.02.2015 ]
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များဆိုင်ရာ သဘောတူစာချုပ် ကိုအကျိုးသက်ရောက်စေသင့်သည်လည်းတကြောင်း၊ အလားတူအခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ ကိုအခြားအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအား၎င်း၊ ထိုအဖွဲ့အစည်းများအား၎င်း၊ ထိုအဖွဲ့အစည်း များ၏ ကိုယ်စားလှယ်များနှင့် အရာရှိများအား၎င်း ခံစားစေနိုင်အောင် ပြုသင့်သည်လည်းတကြောင်း၊ ထိုအကြောင်းများကြောင့်၊
အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။
အမည်တို။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အား၎င်း၊ ထိုအဖွဲ့၏ကိုယ်စားလှယ်များနှင့်အရာရှိများအား၎င်း အချို့ သောအခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များအပ်နှင်းခြင်း၊ အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များ၎င်း၊ ထိုအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အရာရှိများအား၎င်း အချို့သော အခွင့်အရေး များနှင့် ကင်းလွတ်ခွင့်များအပ်နှင်းရန်အာဏာ။
၁။ ။ ဤအက်ဥပဒေကို ၁၉၅၄ ခုနှစ်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ) အက်ဥပဒေဟု ခေါ်ရမည်။
၂။ ။ (၁) အခြားတရားဥပဒေတွင် ဆန့်ကျင်ကွဲလွဲချက် မည်သို့ပင် ပါရှိစေကာမူ ဤအက်ဥပဒေပါ ဇယား တွင် ဖော်ပြထားသည့် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ညီလာခံက အတည်ပြုသော အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များဆိုင်ရာ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များ သည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးတွင် တရားဥပဒေကဲ့သို့ အာဏာတည်ရမည်။
(၂) ဇယားတွင် ဖော်ပြထားသည့် အဆိုပါ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များတွင် ပြင်ဆင်ချက်များ ကို နည်းလမ်းတကျပြုလုပ်၍ အတည်ပြုသည်ရှိသော် ထိုပြင်ဆင်ချက်များနှင့်အညီ၊ ထိုဇယားကို နိုင်ငံတော်သမတက အစိုးရပြန်တမ်းတွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ အခါအားလျော်စွာ ပြင်နိုင် သည်။
၃။ ။ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များနှင့်အညီ ဇယားတွင်ဖော်ပြထားသော ပြဋ္ဌာန်းချက်များပါ အခွင့်အရေးများ၊ ကင်းလွတ်ခွင့်များနှင့် အလားတူအခွင့်အရေးများ၊ ကင်းလွတ်ခွင့်များကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအား၎င်း၊ ထိုအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အရာရှိများအား၎င်း ပေးရန်လိုအပ်သောအခါ၊ နိုင်ငံတော်သည်၊ အစိုးရပြန်တမ်းတွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဇယားတွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များသည်၊ ထိုအမိန့်ကြော်ငြာစာတွင် သီးခြားဖော်ပြထားသည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနှင့်၎င်း၊ ထိုအဖွဲ့အစည်း၏ ကိုယ်စားလှယ်များ၊ အရာရှိများနှင့်၎င်း၊ သက်ဆိုင်ရမည့်ဟူ၍၎င်း ထိုဇယားပါပြဋ္ဌာန်းချက်များသည် အဆိုပါပြည်ထောင်အချင်းချင်း သဘောတူစာချုပ်၊ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၊ သို့တည်းမဟုတ် အခြားစာချုပ်စာတမ်းကို အကျိုးသက်ရောက်စေရန်လိုအပ်သည်၊ သို့တည်းမဟုတ် သင့်သည်ဟု မိမိထင်မြင်သည့် ပြင်ဆင်ချက်များရှိလျှင် ထိုပြင်ဆင်ချက်များနှင့်အညီ အကျိုးသက်ရောက်ရမည်ဟူ၍၎င်း ကြေညာနိုင်သည်။ ထိုသို့ ကြေညာသောအခါ အဆိုပါပြဋ္ဌာန်းချက်များသည် ကျေညာသည့်အတိုင်း သက်ဆိုင်ရမည့်ပြင်၊ ယင်းသို့ သက်ဆိုင်စေရာ၌လည်း အခြားတရားဥပဒေတွင် ဆန့်ကျင်ကွဲလွဲချက် မည်သို့ပင်ပါရှိစေကာမူ ပြည်ထောင်စုမြန်မာနိုင်ငံတဝှန်းလုံးတွင် တရားဥပဒေကဲ့သို့ အာဏာတည်ရမည်။
<ပြင်ဆင် 10.02.2015>
၄။ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဤအက်ဥပဒေပါကိစ္စရပ်များကို ဆောင်ရွက်ရန်အလို့ငှာ-
(က) လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
<ပြင်ဆင် 10.02.2015>
—– Footnote —–
[ပင်ရင်း- The Burma Code Volume (I) မှ ကူးယူတင်ပြသည်။]
—– Attachment —–
[ ပူးတွဲဖော်ပြသော စာရင်း 1 ] 01 THE SCHEDULE. (See sections 2 and 3.) Article I. JURIDICAL PERSONALITY.