ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်ကောင်စီရန်ကုန်မြို့
နိုင်ငံရေးပင်စင်ဥပဒေ
[၁၉၈၀ ပြည့်နှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၄]
၁၃၄၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်
( ၁၉၈၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၇ ရက်)
[ ပြင်ဆင် : 07.11.1985, 20.10.1986, 29.12.1994, 04.09.2000, 28.02.2001 ]
အောက်ဖော်ပြပါ ဥပဒေကို ထုတ်ပြန်ကြေငြာသည်။
နိဒါန်း
၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကိုယ် တိုင်ပါဝင်ဖွဲ့စည်းခဲ့သော အစိုးရ အဖွဲ့မှစ၍ နိုင်ငံရေးတာဝန်ကြီးများကို ထမ်းဆောင်ပြီး တာဝန်မှအနား ယူသည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် အခြားချီးမြှင့်ထိုက်သော ပုဂ္ဂိုလ်များအား နိုင်ငံရေး ပင်စင်ချီးမြှင့် ထိုက်သည့်အလျောက် ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်၊ အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နိုင်ငံရေးပင်စင်ဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေသည် ၁၉၈၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်အာဏာတည်စေရမည်။
၃။ ဤဥပဒေတွင် ပါရှိသောအောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်စေရ မည် –
(က) နိုင်ငံရေးပင်စင် ဆိုရာတွင် နိုင်ငံရေးတာဝန်ထမ်းဆောင်သဖြင့် ဤဥပဒေအရ ချီးမြှင့်သော အောက်ပါခံစားခွင့်တို့ ပါဝင်သည် –
(၁) နိုင်ငံရေးလစဉ်ပင်စင်၊
(၂) နိုင်ငံရေးဆုငွေ၊
(၃) အခြားထောက်ပံ့မှုများ၊
(ခ) နိုင်ငံတော်အဖွဲ့အစည်းများ ဆိုသည်မှာ အောက်ပါအဖွဲ့အစည်းတို့ကို ဆိုသည် –
(၁) ဗိုလ်ချုပ်အောင်ဆန်းစတင်ခေါင်းဆောင်သောအစိုးရအဖွဲ့၊
(၂) တိုင်းပြည်ပြုလွှတ်တော်၊ ပါလီမန်နှင့် အစိုးရအဖွဲ့၊
(၃) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊
(၄) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၊
(၅) ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊
(ဂ) နိုင်ငံရေးအဖွဲ့အစည်းများ ဆိုသည်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ဦးဆောင်မှုဖြင့် ဖွဲ့စည်းသော ပြည်သူ့တောင်သူလယ်သမားကောင်စီ၊ တောင်သူလယ် သမားအစည်းအရုံး၊ ပြည်သူ့အလုပ်သမားကောင်စီ၊ အလုပ်သမားအစည်းအရုံးနှင့် လမ်းစဉ်လူငယ် အဖွဲ့အစည်းတို့ကို ဆိုသည်၊
(ဃ) လစာ ဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ခြင်းကြောင့် ရရှိကြသော လစဉ်ထောက်ပံ့ငွေ၊ ပြည်သူ့ကိုယ်စားလှယ်များခံစားခွင့် ဥပဒေအရ ရရှိသော လစဉ်ထောက်ပံ့ကြေး၊ ချီးမြှင့်ငွေ နှင့် ပြည်သူ့ဝန်ထမ်းများ၏ လခတို့ကို ဆိုသည်။
အခန်း (၂)
၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ထိကာလ
၄။ ဗိုလ်ချုပ်အောင်ဆန်း စတင်ခေါင်းဆောင်သည့် အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သော နောက်ဆက်တွဲ ဇယား (က) ပါပုဂ္ဂိုလ်များသည် အောက်တွင်ယှဉ်ပြပါ နိုင်ငံရေးလစဉ်ပင်စင်ကို ခံစားခွင့်ရှိသည် –
(က) အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌ …. ကျပ် ၂၀၀၀
(ခ) အစိုးရအဖွဲ့၊ အဖွဲ့ဝင် …. ကျပ် ၁၅၀၀
၅။ တိုင်းပြည်ပြုလွှတ်တော်၊ ပါလီမန်နှင့် အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သော အောက်ပါပုဂ္ဂိုလ်များသည် ယှဉ်ပြပါ နိုင်ငံရေးလစဉ်ပင်စင်ကို ခံစားခွင့်ရှိသည် –
(က) တိုင်းပြည်ပြုလွှတ်တော် နှင့် ပါလီမန်
(၁) နိုင်ငံတော်ယာယီ သမ္မတ …. ကျပ် ၂၀၀၀
(၂) နိုင်ငံတော် သမ္မတ …. ကျပ် ၂၀၀၀
(၃) တိုင်းပြည်ပြုလွှတ်တော် ဥက္ကဋ္ဌ …. ကျပ် ၁၆၀၀
(၄) လူမျိုးစုလွှတ်တော် နာယက …. ကျပ် ၁၆၀၀
(၅) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ …. ကျပ် ၁၆၀၀
(၆) တိုင်းပြည်ပြုလွှတ်တော် ဒုတိယဥက္ကဋ္ဌ …. ကျပ် ၁၂၀၀
(၇) လူမျိုးစုလွှတ်တော် ဒုတိယနာယက …. ကျပ် ၁၂၀၀
(၈) ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ …. ကျပ် ၁၂၀၀
(၉) တိုင်းပြည်ပြုလွှတ်တော် အမတ် …. ကျပ် ၂၀၀
(၁၀) ပါလီမန် အမတ် …. ကျပ် ၂၀၀
(ခ) ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့
(၁) ဝန်ကြီးချုပ် …. ကျပ် ၁၈၀၀
(၂) ဒုတိယ ဝန်ကြီးချုပ် …. ကျပ် ၁၆၀၀
(၃) ဝန်ကြီး …. ကျပ် ၁၅၀၀
(၄) ပါလီမန် အတွင်းဝန် …. ကျပ် ၁၀၀၀
(ဂ) ပြည်နယ်အစိုးရအဖွဲ့နှင့် ချင်းရေးရာဌာန
(၁) ပြည်နယ် ဥက္ကဋ္ဌ …. ကျပ် ၁၆၀၀
(၂) ချင်းရေးရာဌာန ဝန်ကြီး …. ကျပ် ၁၅၀၀
(၃) ပြည်နယ် ဝန်ကြီး …. ကျပ် ၁၅၀၀
(၄) ပါလီမန် အတွင်းဝန် …. ကျပ် ၁၀၀၀
အခန်း (၃)
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှ ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့ အထိကာလနှင့် ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှစတင်သည့်ကာလ
၆။ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီနှင့် တော်လှန်ရေးအစိုးရတို့တွင် ပါဝင်ခဲ့သော အောက်ပါပုဂ္ဂိုလ်များသည် ယှဉ်ပြပါနိုင်ငံရေးလစဉ်ပင်စင်ကို ခံစားခွင့်ရှိသည် –
(က) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ
(၁) တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ …. ကျပ် ၂၀၀၀
(၂) တော်လှန်ရေးကောင်စီဝင် …. ကျပ် ၁၆၀၀
(ခ) ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးအစိုးရ
(၁) အစိုးရအဖွဲ့ဥက္ကဋ္ဌ၊ သို့မဟုတ် ဝန်ကြီးချုပ် …. ကျပ် ၁၈၀၀
(၂) အစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ် …. ကျပ် ၁၆၀၀
(၃) အစိုးရအဖွဲ့တာဝန်ခံ၊ သို့မဟုတ် ဝန်ကြီး …. ကျပ် ၁၅၀၀
(၄) အစိုးရအဖွဲ့ ဒုတိယဝန်ကြီး …. ကျပ် ၁၂၀၀
(ဂ) ပြည်နယ်ဦးစီးအဖွဲ့နှင့် ချင်းရေးရာဦးစီးအဖွဲ့
(၁) ဥက္ကဋ္ဌ …. ကျပ် ၁၆၀၀
(၂) အဖွဲ့ဝင် …. ကျပ် ၁၅၀၀
၇။ ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများတွင် ပါဝင်ကြသော အောက်ပါပုဂ္ဂိုလ်များသည် ယှဉ်ပြပါ နိုင်ငံရေးလစဉ်ပင်စင်ကို ခံစားခွင့်ရှိသည် –
(က) နိုင်ငံတော်ကောင်စီ
(၁) နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်သမ္မတ …. ကျပ် ၂၀၀၀
(၂) နိုင်ငံတော်ကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ နိုင်ငံတော် ဒုတိယ သမ္မတ …. ကျပ် ၁၉၅၀
(၃) နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး …. ကျပ် ၁၉၀၀
(၄) နိုင်ငံတော်ကောင်စီဝင် …. ကျပ် ၁၆၀၀
(ခ) ဗဟိုအာဏာပိုင်အဖွဲ့အစည်းဝင်၊ ဒုတိယဝန်ကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
(၁) ဝန်ကြီးချုပ် …. ကျပ် ၁၈၀၀
(၂) ဗဟိုအာဏာပိုင် အဖွဲ့အစည်း ဥက္ကဋ္ဌ …. ကျပ် ၁၈၀၀
(၃) ဒုတိယ ဝန်ကြီးချုပ် …. ကျပ် ၁၆၀၀
(၄) ဗဟိုအာဏာပိုင်အဖွဲ့အစည်းဝင် …. ကျပ် ၁၅၀၀
(၅) ဒုတိယ ဝန်ကြီး …. ကျပ် ၁၂၀၀
(၆) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် …. ကျပ် ၂၀၀
(ဂ) ပြည်နယ် နှင့် တိုင်းပြည်သူ့ကောင်စီ
(၁) အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ …. ကျပ် ၁၁၀၀
(၂) တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ …. ကျပ် ၁၀၀၀
(၃) လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ …. ကျပ် ၁၀၀၀
(၄) အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး …. ကျပ် ၉၅၀
(၅) အလုပ်အမှုဆောင်အဖွဲ့၊ အဖွဲ့ဝင် …. ကျပ် ၇၅၀
(၆) တရားသူကြီးအဖွဲ့၊ အဖွဲ့ဝင် …. ကျပ် ၇၅၀
(၇) လုပ်ငန်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ဝင် …. ကျပ် ၇၅၀
(ဃ) မြို့နယ်ပြည်သူ့ကောင်စီ
(၁) အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ …. ကျပ် ၅၅၀
(၂) တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ …. ကျပ် ၅၀၀
(၃) လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ …. ကျပ် ၅၀၀
(၄) အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး …. ကျပ် ၄၅၀
(၅) အလုပ်အမှုဆောင်အဖွဲ့၊ အဖွဲ့ဝင် …. ကျပ် ၄၀၀
(၆) တရားသူကြီးအဖွဲ့၊ အဖွဲ့ဝင် …. ကျပ် ၄၀၀
(၇) လုပ်ငန်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ဝင် …. ကျပ် ၄၀၀
(င) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ
(၁) အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ …. ကျပ် ၁၀၀
(၂) အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး …. ကျပ် ၈၀
အခန်း (၄)
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ အမြုတေပါတီကာလနှင့် ပြည်သူ့ပါတီကာလ
၈။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အမြုတေပါတီကာလတွင် တာဝန် ထမ်းဆောင်ခဲ့ကြသော အောက်ပါပုဂ္ဂိုလ်များသည် ယှဉ်ပြပါ နိုင်ငံရေးလစဉ်ပင်စင်ကို ခံစားခွင့်ရှိသည် –
(က) ပါတီစည်းရုံးရေးဗဟိုကော်မတီ ဥက္ကဋ္ဌ …. ကျပ် ၂၀၀၀
(ခ) ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ …. ကျပ် ၂၀၀၀
(ဂ) ဆိုရှယ်လစ်စီးပွားရေးစီမံကိန်းကော်မတီ ဥက္ကဋ္ဌ …. ကျပ် ၂၀၀၀
(ဃ) ပါတီစည်းရုံးရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ …. ကျပ် ၁၉၀၀
(င) ဆိုရှယ်လစ်စီပွားရေးစီမံကိန်းကော်မတီ ဒုတိယဥက္ကဋ္ဌ …. ကျပ် ၁၉၀၀
(စ) ပါတီစည်းရုံးရေးဗဟိုကော်မတီ အတွင်းရေးမှူး …. ကျပ် ၁၈၀၀
(ဆ) ပါတီစည်းရုံးရေးဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး …. ကျပ် ၁၈၀၀
(ဇ) ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး …. ကျပ် ၁၈၀၀
(ဈ) ဆိုရှယ်လစ်စီပွားရေးစီမံကိန်းကော်မတီ အတွင်းရေးမှူး …. ကျပ် ၁၈၀၀
(ည) ပါတီစည်းရုံးရေးဗဟိုကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူး …. ကျပ် ၁၇၀၀
(ဋ) ပါတီစည်းရုံးရေးဗဟိုကော်မတီဝင် …. ကျပ် ၁၆၀၀
(ဌ) ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် …. ကျပ် ၁၆၀၀
(ဍ) ဆိုရှယ်လစ်စီးပွားရေးစီမံကိန်းကော်မတီဝင် …. ကျပ် ၁၆၀၀
(ဎ) ရေးရာဌာနကြီး အတွင်းရေးမှူး …. ကျပ် ၁၆၀၀
(ဏ) ဗဟိုနိုင်ငံရေး သိပ္ပံကျောင်းအုပ်ကြီး …. ကျပ် ၁၆၀၀
(တ) တိုင်းကြီးဥက္ကဋ္ဌ …. ကျပ် ၁၂၀၀
(ထ) တိုင်းခွဲဒုတိယ ဥက္ကဋ္ဌ …. ကျပ် ၁၀၀၀
(ဒ) ရေးရာဌာနကြီး လက်ထောက်အတွင်းရေးမှူး …. ကျပ် ၁၀၀၀
(ဓ) ဌာနမှူး …. ကျပ် ၁၀၀၀
(န) ဗဟိုနိုင်ငံရေးသိပ္ပံ ဒုတိယကျောင်းအုပ်ကြီး …. ကျပ် ၁၀၀၀
(ပ) ဗဟိုနိုင်ငံရေးသိပ္ပံနည်းပြချုပ် …. ကျပ် ၁၀၀၀
(ဖ) တိုင်းခွဲအတွင်းရေးမှူး …. ကျပ် ၆၀၀
(ဗ) ရေးရာကော်မတီဝင် …. ကျပ် ၅၀၀
(ဘ) တိုင်းကြီးအတွင်းရေးမှူး …. ကျပ် ၅၀၀
(မ) တိုင်းရေးရာမှူး …. ကျပ် ၅၀၀
(ယ) စည်းရုံးရေးမှူး …. ကျပ် ၅၀၀
(ရ) တိုင်းရင်းသားကေဒါ …. ကျပ် ၃၀၀
(လ) အတွင်းရေးမှူး …. ကျပ် ၃၀၀
(ဝ) ရေးရာမှူး …. ကျပ် ၂၀၀
(သ) ယူနစ်ကေဒါ …. ကျပ် ၁၅၀
၉။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ပြည်သူ့ပါတီကာလတွင် တာဝန်ထမ်းဆောင်ကြသော အောက်ပါ ပုဂ္ဂိုလ်များသည်ယှဉ်ပြပါ နိုင်ငံရေးလစဉ်ပင်စင်ကို ခံစားခွင့်ရှိသည် –
(က) ပါတီဥက္ကဋ္ဌ …. ကျပ် ၂၀၀၀
(ခ) ပါတီ ဒုတိယဥက္ကဋ္ဌ ကျပ် ၁၉၅၀
(ဂ) ပါတီအထွေထွေအတွင်းရေးမှူး …. ကျပ် ၁၈၀၀
(ဃ) ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး …. ကျပ် ၁၇၀၀
(င) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် …. ကျပ် ၁၆၀၀
(စ) ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ …. ကျပ် ၁၅၅၀
(ဆ) ပါတီစည်းကမ်းထိန်းကမ်းရေးကော်မတီ ဥက္ကဋ္ဌ …. ကျပ် ၁၅၅၀
(ဇ) အတွင်းရေးမှူးများ …. ကျပ် ၁၅၀၀
(ဈ) ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီအတွင်းရေးမှူး …. ကျပ် ၁၅၀၀
(ည) ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး …. ကျပ် ၁၅၀၀
(ဋ) ဗဟိုဌာနကြီးမှူးများ …. ကျပ် ၁၅၀၀
(ဌ) ဗဟိုလုပ်ငန်းအဖွဲ့အစည်းဌာနကြီးမှူးများ …. ကျပ် ၁၅၀၀
(ဍ) ဗဟိုနိုင်ငံရေးတက္ကသိုလ် ကျောင်းအုပ်ကြီး …. ကျပ် ၁၅၀၀
(ဎ) ဗဟိုရေးရာကော်မတီအတွင်းရေးမှူး …. ကျပ် ၁၅၀၀
(ဏ) ဒေသပါတီကော်မတီ ဥက္ကဋ္ဌ …. ကျပ် ၁၅၀၀
(တ) ပါတီလုပ်ငန်းစိစစ်ရေးကော်မတီဝင် …. ကျပ် ၁၃၀၀
(ထ) ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင် …. ကျပ် ၁၃၀၀
(ဒ) ဒေသပါတီကော်မတီ အတွင်းရေးမှူး …. ကျပ် ၁၃၀၀
(ဓ) ဗဟိုရေးရာကော်မတီဝင် …. ကျပ် ၁၂၀၀
(န) ဒေသပါတီကော်မတီဝင် …. ကျပ် ၁၂၀၀
(ပ) ဗဟိုကော်မတီဝင် …. ကျပ် ၁၁၀၀
(ဖ) ပါတီယူနစ်ဥက္ကဋ္ဌ …. ကျပ် ၆၀၀
(ဗ) ပါတီယူနစ် အတွင်းရေးမှူး …. ကျပ် ၅၀၀
(ဘ) ပါတီယူနစ် ကော်မတီဝင် (အချိန်ပြည့်) …. ကျပ် ၄၅၀
၁၀။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ဦးဆောင်မှုဖြင့် ဖွဲ့စည်းသည့်ပြည်သူ့တောင်သူလယ်သမား ကောင်စီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် တောင်သူလယ်သမားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီတို့တွင် တာဝန်ထမ်းဆောင်ကြသော အောက်ပါပုဂ္ဂိုလ်များသည် ယှဉ်ပြပါ နိုင်ငံရေးလစဉ် ပင်စင်ကို ခံစားခွင့်ရှိသည် –
(က) ဥက္ကဋ္ဌ …. ကျပ် ၁၆၀၀
(ခ) ဒုတိယ ဥက္ကဋ္ဌ …. ကျပ် ၁၅၀၀
(ဂ) အတွင်းရေးမှူး …. ကျပ် ၁၂၀၀
(ဃ) တွဲဖက်အတွင်းရေးမှူး …. ကျပ် ၁၀၀၀
(င) ကော်မတီဝင် (အချိန်ပြည့်) …. ကျပ် ၈၀၀
၁၁။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ဦးဆောင်မှုဖြင့် ဖွဲ့စည်းသည့်ပြည်သူ့အလုပ်သမား ကောင်စီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် အလုပ်သမားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီတို့တွင် တာဝန်ထမ်းဆောင်ကြသော အောက်ပါပုဂ္ဂိုလ်များသည် ယှဉ်ပြပါ နိုင်ငံရေးလစဉ် ပင်စင်ကို ခံစားခွင့်ရှိသည် –
(က) ဥက္ကဋ္ဌ …. ကျပ် ၁၆၀၀
(ခ) ဒုတိယ ဥက္ကဋ္ဌ …. ကျပ် ၁၅၀၀
(ဂ) အတွင်းရေးမှူး …. ကျပ် ၁၂၀၀
(ဃ) တွဲဖက်အတွင်းရေးမှူး …. ကျပ် ၁၀၀၀
(င) ကော်မတီဝင် (အချိန်ပြည့်) …. ကျပ် ၈၀၀
၁၂။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ဦးဆောင်မှုဖြင့် ဖွဲ့စည်းသည့်လမ်းစဉ်လူငယ်အဖွဲ့အစည်း၊ စည်းရုံးရေးဗဟိုကော်မတီတွင် တာဝန်ထမ်းဆောင်ကြသော အောက်ပါပုဂ္ဂိုလ်များသည် ယှဉ်ပြပါ နိုင်ငံရေးလစဉ် ပင်စင်ကို ခံစားခွင့်ရှိသည် –
(က) ဥက္ကဋ္ဌ …. ကျပ် ၁၆၀၀
(ခ) ဒုတိယ ဥက္ကဋ္ဌ …. ကျပ် ၁၅၀၀
(ဂ) အတွင်းရေးမှူး …. ကျပ် ၁၂၀၀
(ဃ) တွဲဖက်အတွင်းရေးမှူး …. ကျပ် ၁၀၀၀
(င) ကော်မတီဝင် (အချိန်ပြည့်) …. ကျပ် ၈၀၀
အခန်း (၅)
နိုင်ငံရေးပင်စင်ခံစားခြင်းနှင့် သက်ဆိုင်သည့် သတ်မှတ်ချက်များ
၁၃။ အခန်း (၂) ပါ ပုဂ္ဂိုလ်များသည် နိုင်ငံရေးတာဝန်ထမ်းဆောင်သည့် ကာလသတ်မှတ်ချက်မရှိပဲ နိုင်ငံရေးလစဉ်ပင်စင်ကို ခံစားခွင့်ရှိသည်။
၁၄။ အခန်း (၃) နှင့် (၄) ပါပုဂ္ဂိုလ်များသည် နိုင်ငံရေးလစဉ်ပင်စင်ကို –
(က) နိုင်ငံရေးတာဝန်ထမ်းဆောင်သောကာလစုစုပေါင်း ၄ နှစ်ပြည့်မှသာ ခံစားခွင့်ရှိသည်၊
(ခ) နိုင်ငံရေးတာဝန်ကိုယာယီအစီအစဉ်အရ ထမ်းဆောင်ရလျှင် တာဝန်ပေးအပ်သော စုစုပေါင်းကာလ ၄ နှစ်ပြည့်မှသာ ခံစားခွင့်ရှိသည်၊
(ဂ) နိုင်ငံရေးတာဝန်ထမ်းဆောင်စဉ်ကာလတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ကျန်းမာရေး ကြောင့်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရ၍ဖြစ်စေ၊ စည်းရုံးရေးအရဖြစ်စေ တာဝန်ဆက်လက်ပေးအပ်ခြင်းမခံ ရလျှင်၊ သို့မဟုတ် ကွယ်လွန်လျှင် နိုင်ငံရေးလစဉ်ပင်စင်ကို တာဝန်ထမ်းဆောင်ခဲ့သည့် ကာလသတ်မှတ် ချက်မရှိပဲ ခံစားခွင့်ရှိသည်။
၁၅။ (က) နိုင်ငံရေးလစဉ်ပင်စင်ခံစားခွင့်ကို အသက် ၆၀ ပြည့်မှသာ စတင်ခံစားခွင့်ရှိသည်၊
(ခ) သို့ရာတွင် အသက် ၆၀ မပြည့်သော်လည်း ကြီးလေးသောနိုင်ငံရေးတာဝန်ကို အပြစ်ကင်းရှင်းစွာ ထမ်းဆောင်သူဖြစ်လျှင် အသက်ကန့်သတ်ချက်ကိုလျှော့ပေါ့၍ နိုင်ငံရေးလစဉ်ပင်စင်ကို ခံစားခွင့်ပြုနိုင်သည်၊
(ဂ) အသက် ၆၀ ပြည့်ပြီးနောက် တာဝန်ဆက်လက်ပေးအပ်ခြင်းခံရသဖြင့် လစာငွေရရှိနေလျှင်ထို ကာလအတွင်း နိုင်ငံရေးလစဉ်ပင်စင်ကို ခံစားခွင့်မရှိစေရ။
<ပြင်ဆင် 04.09.2000>
၁၆။ (က) နိုင်ငံရေးပင်စင်ခံစားခွင့်ရှိသော ပုဂ္ဂိုလ်ကွယ်လွန်သည့်အခါတွင် ထိုသူ၏ဇနီး၊ သို့မဟုတ် ခင်ပွန်းသည် ကွယ်လွန်သူခံစားခွင့်ရှိသည့် နိုင်ငံရေးလစဉ်ပင်စင်၏ လေးပုံသုံးပုံကို အသက်ထင်ရှားရှိသည့်ကာလပတ်လုံး ခံစားခွင့်ရှိသည်။ သို့သော် နောက်အိမ်ထောင်ပြုလျှင် ခံစားခွင့်မရှိစေရ။ ထိုခံစားခွင့်ကို ကွယ်လွန်သူအသက် ၆၀ ပြည့်မြောက်သည့်နေ့မှစ၍သာ ခံစားခွင့်ရှိသည်။
(ခ) သို့ရာတွင် ပုဒ်မ ၁၆ ပုဒ်မခွဲ (က) ပါ “ကွယ်လွန်သူအသက် ၆၀ ပြည့်မြောက်သည့် နေ့မှစ၍သာ ခံစားခွင့်ရှိသည်” ဟူသော ပြဋ္ဌာန်းချက်သည် ပုဒ်မ ၁၅ ပုဒ်မခွဲ (ခ) အရ၊ အသက်ကန့်သတ်ချက်ကို လျှော့ ပေါ့၍ နိုင်ငံရေးလစဉ် ပင်စင်ခံစားခွင့်ရှိသူနှင့် မသက်ဆိုင်စေရ။
<ပြင်ဆင် 29.12.1994, 04.09.2000>
၁၇။ အခန်း (၃) နှင့် (၄) ပါပုဂ္ဂိုလ်များသည် –
(က) နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့သော ကာလစုစုပေါင်း အနည်းဆုံး ၄ နှစ်ပြည့်မှသာ နိုင်ငံရေးဆုငွေ ခံစားခွင့်ရှိသည်။ သို့ရာတွင် နိုင်ငံရေးဆုငွေကို နိုင်ငံရေးတာဝန် ဆက်လက်ပေးအပ်ခြင်းမခံရသည့်အခါမှသာ ခံစားခွင့်ရှိသည်။ နိုင်ငံရေးဆုငွေကို တွက်ချက်ရာတွင် နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွက် တစ်နှစ်လျှင် နိုင်ငံရေးတာဝန်အရ သတ်မှတ်ထားသော လစာငွေ တစ်လအတွက်နှင့်ညီမျှသော နိုင်ငံရေးဆုငွေကို တွက်ချက်ရမည်၊
(ခ) နိုင်ငံရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး၊ ကျန်းမာရေးကြောင့်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရ၍ဖြစ်စေ၊ စည်းရုံးရေးအရဖြစ်စေ တာဝန်ဆက်လက်ပေးအပ်ခြင်းမခံရလျှင် သို့မဟုတ် ကွယ်လွန်လျှင် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ သတ်မှတ်ချက်မထားဘဲ နိုင်ငံရေးတာဝန်ကို ထမ်းဆောင်သည့်ကာလအတွက် နိုင်ငံရေးဆုငွေကို ခံစားခွင့်ရှိသည်။ နိုင်ငံရေးဆုငွေကို တွက်ချက်ရာတွင် နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွက် တစ်နှစ်လျှင် နိုင်ငံရေးတာဝန်အရ သတ်မှတ်ထားသော လစာတစ်လအတွက်နှင့်ညီမျှသော နိုင်ငံရေးဆုငွေကို တွက်ချက်ရမည်၊
(ဂ) နိုင်ငံရေးတာဝန်ကိုယာယီအစီအစဉ်အရ ထမ်းဆောင်ရလျှင် ထမ်းဆောင်သည့်ကာလ တနှစ်လျှင် နိုင်ငံရေးတာဝန်အရ သတ်မှတ်ထားသောလစာ တလအတွက် နှင့်ညီမျှသည့် နိုင်ငံရေးဆုငွေကို ခံစားခွင့်ရှိသည်။ သို့သော် နိုင်ငံရေးဆုငွေကို အများဆုံး ၄ လစာထက်ပို၍ ခံစားခွင့်မရှိစေရ၊
(ဃ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့သော ကာလစုစုပေါင်း အနည်းဆုံး ၄ နှစ်ပြည့်မှသာ နိုင်ငံရေးဆုငွေကျပ် ၁၀၀၀ ခံစားခွင့်ရှိသည်။ ထိုဆုငွေကို နိုင်ငံရေးတာဝန် ဆက်လက်ပေးအပ်ခြင်း မခံရသည့်အခါမှသာ ထုတ်ယူခွင့်ရှိသည်။
(င) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံရေးတာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ကျန်းမာရေးကြောင့်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရ၍ဖြစ်စေ၊ စည်းရုံးရေးအရဖြစ်စေ တာဝန်ဆက်လက်ပေးအပ်ခြင်းမခံရလျှင်၊ သို့မဟုတ် ကွယ်လွန်လျှင် တာဝန်ထမ်းဆောင်သည့် ကာလသတ်မှတ်ချက်မထားပဲ နိုင်ငံရေးဆုငွေကို ခံစားခွင့်ရှိသည်။
<ပြင်ဆင် 28.02.2001>
၁၈။ နိုင်ငံရေးပင်စင်ခံစားခွင့်ရှိသည့် ပုဂ္ဂိုလ်သည်ဤဥပဒေပါ အဖွဲ့အစည်းတခု အတွင်းတွင်ဖြစ်စေ၊ ဤဥပဒေပါအခြားအဖွဲ့အစည်းတခုသို့ ဖြစ်စေ ပြောင်းရွှေ့တာဝန် ပေးအပ်ခြင်းခံရပါက ထိုတာဝန်အသီး သီးတွင် ထမ်းဆောင်ခဲ့သောကာလများကို တခုနှင့်တခု ပေါင်းစပ်ခွင့်ရှိသည်။
၁၉။ နိုင်ငံရေးပင်စင်ခံစားခွင့်ရှိသည့် ပုဂ္ဂိုလ်သည် နိုင်ငံရေးပင်စင်အပြင် ဝန်ထမ်းပင်စင်နှင့် စွမ်းရည်သတ္တိ ဘွဲ့အတွက် ရရှိသည့်လစဉ်ချီးမြှင့်ငွေတို့ကိုပါ ခံစားခွင့်ရှိသည်။
၂၀။ အောက်ပါခံစားခွင့်များရရှိသည့်ပုဂ္ဂိုလ်သည် ခံစားခွင့်များအနက် ကြိုက်နှစ်သက်ရာတခုကိုသာ ခံစားခွင့်ရှိသည် –
(က) ဤဥပဒေအရ ချီးမြှင့်သည့်နိုင်ငံရေးပင်စင်၊
(ခ) နိုင်ငံ့ဂုဏ်ရည်ဘွဲ့အတွက် ပေးသောလစဉ်ချီးမြှင့်ငွေ၊
(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်နယ်ဦးစီးအဖွဲ့ဝင် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်များ လစဉ်ချီးမြှင့်ငွေပေးရေး ဥပဒေအရပေးသော လစဉ်ချီးမြှင့်ငွေ၊
(ဃ) ကျဆုံးခဲ့ပြီးသော နိုင်ငံတော်ခေါင်းဆောင်ကြီးများ၏ ဇနီးများအား ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ပေးသည့်ပင်စင်။
၂၁။ နိုင်ငံရေးပင်စင်ခံစားခွင့်ရှိသည့် ပုဂ္ဂိုလ်သည် နောက်ဆက်တွဲ ဇယား (ခ) ပါပြစ်မှုတရပ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံရေးပင်စင်ကို ခံစားခွင့်မရှိစေရ။
၂၂။ နိုင်ငံရေးလစဉ်ပင်စင် ခံစားသူသည် အသက်ထင်ရှားရှိသည့် ကာလပတ်လုံး ခံစားခွင့်ရှိသည်။ သို့သော် နောက်ဆက်တွဲဇယား (ခ) ပါ ပြစ်မှုတရပ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံရေး လစဉ်ပင်စင်ကို ဆက်လက်ခံစားခွင့်မရှိစေရ။
၂၃။ နိုင်ငံရေးလစဉ်ပင်စင်ခံစားသူသည် နောက်ဆက်တွဲဇယား (ခ) ပါ နိုင်ငံရေးပြစ်မှုတရပ်ရပ်ကို ကျူးလွန်သည်ဟုခိုင်လုံသောအထောက်အထားတွေ့ရှိလျှင် နိုင်ငံရေးအဖွဲ့အစည်းတရပ်ရပ်မှ ပုဂ္ဂိုလ်ဖြစ် ပါက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီကလည်းကောင်း၊ နိုင်ငံတော် အဖွဲ့အစည်းတရပ်ရပ်မှ ပုဂ္ဂိုလ်ဖြစ်ပါက နိုင်ငံတော်ကောင်စီက လည်းကောင်း ထိုပုဂ္ဂိုလ်၏နိုင်ငံရေး လစဉ်ပင်စင်ခံစားခွင့်ကို ရပ်ဆိုင်းနိုင်သည်။
၂၄။ (က) နိုင်ငံရေးပင်စင်ခံစားခွင့်ရှိသည့်ပုဂ္ဂိုလ်သည် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ရပ်တွင် တာဝန်ထမ်းဆောင်နေစဉ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက သတ်မှတ်ထားသော စည်းကမ်းတရပ်ရပ်ဖောက်ဖျက်၍ အပြစ်ပေးခံရလျှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက သတ်မှတ်ပေးသည့်အတိုင်း နိုင်ငံရေးပင်စင်၏ တစိတ်တဒေသကိုသာ ခံစားခွင့်ရှိသည်။
(ခ) နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ရပ်မှ နိုင်ငံရေးပင်စင်ခံစားခွင့်ရှိသည့်ပုဂ္ဂိုလ်၏ တာဝန်ထမ်းဆောင်မှုသည် ကျေနပ်ဖွယ်ရာမရှိပါက ယင်းခံစားခွင့်ရှိသည့် နိုင်ငံရေးပင်စင်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက လိုအပ်သလိုဖြတ်တောက်နိုင်သည်။
<ပြင်ဆင် 20.10.1986>
၂၅။ (က) နိုင်ငံရေးပင်စင်ခံစားခွင့်ရှိသည့် ပုဂ္ဂိုလ်သည် နိုင်ငံတော်အဖွဲ့အစည်းတရပ်ရပ်တွင် တာဝန်ထမ်းဆောင်နေစဉ် ထိုအဖွဲ့အစည်းအတွက် သတ်မှတ်ထားသော စည်းကမ်းတရပ်ရပ်ဖောက်ဖျက်၍ အပြစ်ပေးခံရလျှင် နိုင်ငံတော်ကောင်စီက သတ်မှတ်ပေးသည့်အတိုင်း နိုင်ငံရေးပင်စင်၏ တစိတ်တဒေသကိုသာ ခံစားခွင့်ရှိသည်။
(ခ) နိုင်ငံတော်အဖွဲ့အစည်းတစ်ရပ်ရပ်မှ နိုင်ငံရေးပင်စင်ခံစားခွင့်ရှိသည့် ပုဂ္ဂိုလ်၏ တာဝန်ထမ်းဆောင်မှုသည် ကျေနပ်ဖွယ်ရာမရှိပါက ယင်းခံစားခွင့်ရှိသည့် နိုင်ငံရေးပင်စင်ကို နိုင်ငံတော်ကောင်စီက လိုအပ်သလို ဖြတ်တောက်နိုင်သည်။
<ပြင်ဆင် 20.10.1986>
၂၆။ နိုင်ငံရေးပင်စင်အပေါ်တွင် ဝင်ငွေခွန်စည်းကြပ်ခြင်း ကင်းလွတ်စေရမည်။
၂၇။ နိုင်ငံရေးပင်စင်ကို မည်သည့်တရားစီရင်ရေးအဖွဲ့ကမျှ ဝရမ်းကပ်ခြင်း၊ သိမ်းယူခြင်း မရှိစေရ။
၂၈။ ဤဥပဒေအရ ခံစားခွင့်ပြုသည့် နိုင်ငံရေးလစဉ်ပင်စင်နှင့် နိုင်ငံရေးဆုငွေကို ၁၉၈၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ သာခံစားခွင့်ပြုသည်။
အခန်း (၆)
အထွေထွေ
၂၉။ နိုင်ငံတော်ကောင်စီသည် နိုင်ငံရေးပင်စင်ခံစားခွင့်ရှိသည့် ပုဂ္ဂိုလ်တဦးဦးအား နိုင်ငံရေးလစဉ် ပင်စင်နှင့် နိုင်ငံရေးဆုငွေတို့အပြင် အခြားထောက်ပံ့မှုများကိုလည်း ခွင့်ပြုနိုင်သည်။
၃၀။ နိုင်ငံရေးပင်စင် ချီးမြှင့်ထိုက်သည့် အခြားအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို နိုင်ငံတော်ကောင်စီ သည်အခါအားလျော်စွာဖြည့်စွက်နိုင်သည်။
၃၁။ ဤဥပဒေအရ နိုင်ငံရေးပင်စင်ခံစားခွင့်ပြုခြင်း၊ မပြုခြင်းနှင့် ပတ်သက်၍ အကြောင်းထူးကိစ္စ တရပ်ရပ်ပေါ်ပေါက်လျှင် နိုင်ငံရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရလည်းကောင်း၊ နိုင်ငံတော်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအတွက် နိုင်ငံတော်ကောင်စီ၏ ဆုံးဖြတ်ချက်အရလည်းကောင်း ဆောင်ရွက်ရမည်။
၃၂။ ဤဥပဒေအရ ပြဋ္ဌာန်းချက်များကို ထမြောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ နိုင်ငံတော် ကောင်စီသည် အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(ပုံ) နေဝင်း
ဥက္ကဋ္ဌ၊
နိုင်ငံတော်ကောင်စီ၊
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်။
ရန်ကုန်မြို့၊ ၁၃၄၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်။
(၁၉၈၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၇ ရက်)
အမိန့်အရ၊
(ပုံ) မြကျော်
ညွှန်ကြားရေးမှူးချုပ်၊
နိုင်ငံတော်ကောင်စီရုံး၊
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်။
—– Attachment —–
[ ပူးတွဲဖော်ပြသော စာရင်း 1 ] 01 နောက်ဆက်တွဲဇယား (က)ဗိုလ်ချုပ်အောင်ဆန်းစတင်ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် နိုင်ငံရေးတာဝန်ကြီးများကို ထမ်းဆောင်ခဲ့သောပုဂ္ဂိုလ်များ
[ ပူးတွဲဖော်ပြသော စာရင်း 2 ] 02 နောက်ဆက်တွဲဇယား (ခ)ပုဒ်မ ၂၁၊ ၂၂ နှင့် ၂၃ တို့တွင် အကျုံးဝင်သည့်ပြစ်မှုများ