နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူ၊ သုံးဆယ့်ငါးကျပ်တန် ငွေစက္ကူနှင့် ခုနစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့် ၁၉၈၇ ခုနှစ်၊ နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁ ကို အတည်ပြုခြင်း

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်ကောင်စီ
နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူ၊ သုံးဆယ့်ငါးကျပ်တန် ငွေစက္ကူနှင့် ခုနစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့် ၁၉၈၇ ခုနှစ်၊ နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁ ကို အတည်ပြုခြင်း
ကြေညာချက်အမှတ် ၄/ ၈၇
ရန်ကုန်မြို့၊ ၁၃၄၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်
(၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်)

၁၃၄၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက် (၁၄-၁၀-၈၇) နေ့တွင် ကျင်းပသည့် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေး တတိယနေ့၌ နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူ၊ သုံးဆယ့်ငါးကျပ် တန်ငွေစက္ကူနှင့် ခုနစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့် ၁၉၈၇ ခုနှစ်၊ နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာတည်သော အောက်ပါအမိန့်အမှတ် ၁ ကို အခြေခံဥပဒေပုဒ်မ ၇၄ အရ လွှတ်တော်က အတည်ပြုသည်-
ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်မှ ထုတ်ဝေထားသော ၂၅ ကျပ် (နှစ်ဆယ့်ငါးကျပ်)၊ ၃၅ ကျပ် (သုံးဆယ့်ငါးကျပ်)နှင့် ၇၅ ကျပ် (ခုနစ်ဆယ့်ငါးကျပ်) တန် ငွေစက္ကူများကို ဤအမိန့်ထုတ်ပြန်သည့် ၁၃၄၉ ခု၊ တော်သလင်းလဆန်း ၁၃ ရက်၊ ၁၉၈၇ ခု၊ စက်တင်ဘာလ ၅ ရက်၊ စနေနေ့ နံနက် ၁၁:၀၀ နာရီအချိန်မှစ၍ တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်သည်။

—– Footnote —–
[ပင်ရင်း- ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၁၉၈၇ ခုနှစ် ဥပဒေများ နည်းဥပဒေများစာအုပ်မှ ကူးယူတင်ပြသည်။]

Leave a comment