ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ မိမိသဘောဆန္ဒဖြင့် ရာထူးမှ နှုတ်ထွက်ခြင်းအား မြို့နယ်အုပ်ချုပ်ရးမှူးက ခွင့်မပြုဟု နှုတ်ထွက်ခြင်းအား တား၍ရနိုင်/မရနိုင်
==========
၂၀၁၂ ရပ်/ကျေးဥပဒေ
ပုဒ်မ-၁၅ တွင်
–
(င) ကွယ်လွန်ခြင်း
– ဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့်
တကျွန်းပြန်

[ Unicode version here ]
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ မိမိသဘောဆန္ဒဖြင့် ရာထူးမှ နှုတ်ထွက်ခြင်းအား မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုဟု နှုတ်ထွက်ခြင်းအား တား၍ရနိုင်/မရနိုင်
Written by : တကျွန်းပြန်
၂၀၁၂ ရပ်/ကျေးဥပဒေ ပုဒ်မ-၁၄ တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးသည် ကျန်းမာရေးကြောင့်သော်
လည်းကောင်း မိမိဆန္ဒအလျောက်သော်လည်းကောင်း တာဝန်မှနှုတ်ထွက်ခွင့်ပြုရန် မြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြခွင့်ရှိသည်။
ပုဒ်မ-၁၅ တွင် မြို့နယ်အုပ်ချ ု ပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူ းတစ်ဦး ဦး နှင့်ပတ်သက်၍ အောက်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်လျှင် စုံစမ်းစစ်ဆေးမှုပြုရန် လိုအပ်ပါက အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမှုပြု ပြီးနှုတ်ထွက်ခွင့်ပြု ခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းပြုနိုင်သည် –
(က) တာဝန်မှနှုတ်ထွက်ခွင့်ပြုရန် တင်ပြချက်ကို လက်ခံရရှိခြင်း
(ခ) အုပ်ချုပ်ရေးမှူး လိုက်နာရမည့်ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်း
(ဂ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရခြင်း
(ဃ) အခြားအရပ်ဒေသတစ်ခုခုသို့ အမြဲတမ်း ပြောင်းရွှေ့ခြင်း
(င) ကွယ်လွန်ခြင်း
(စ) အခန်း(၃)ပါ အုပ်ချုပ်ရေးမှူးအရည်အချင်း ပျက်ယွင်းခြင်း ဟု ပြဋ္ဌာန်းထားသည်။
ဖော်ပြပါ ပြဋ္ဌာန်းချက်တွင် “လိုအပ်ပါက” စစ်ဆေးမှုပြုလုပ်ပြီး ဆိုသည်မှာ ပုဒ်မ-၁၅ ပုဒ်မခွဲ (က) ကို ဆိုလိုခြင်းမဟုတ်ဘဲ ကျန်ပုဒ်ခွဲများကို ရည်ညွှန်းရာရောက်နေပါကြောင်း . . . ။
ဥပဒေကိုလေ့လာပါက – တည်ဆဲဥပဒေများနှင့်ပတ်သတ်လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ် မ ၄၄၉ အရ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံး၏အခြေခံဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်နေပါ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ လိုက်နာကြရသည်။
နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများပင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ-၇၂ အရ ၎င်းတို့၏ ဆန္ဒအရ သမ္မတ ရာထူးမှ နှုတ်ထွက်လိုလျှင် နှုတ်ထွက်ခွင့်ပြုရမည် (shall be allowed) ဟု ပြဋ္ဌာန်းထားပါသည်။
ခြေ/ဥပုဒ်မ-၂၃၅ တွင် ပထစ ဝန်ကြီး နှင့်ဒုဝန်ကြီးများ ၎င်းတို့ဆန္ဒအရ ရာထူးမှနှုတ်ထွက်လိုလျှင် နှုတ်ထွက်နိုင်သည် (may resign) ဟု ပြဋ္ဌာန်းထားသည်။
ခြေ/ဥ ပုဒ်မ-၃၀၃(က) တွင် ပထစ တရားသူကြီးချုပ် နှင့် တရားသူကြီးများ ၊ ပုဒ်မ-၂၄၀ (ခ)တွင် ပထစ ရှေ့နေချုပ် နှင့် ဒုရှေ့နေချုပ်များ ၊ ပုဒ်မ-၃၁၂(က) တွင် ပြည်နယ်/တိုင်း တရားသူကြီးများ မိမိတို့ဆန္ဒအရ နှုတ်ထွက်လိုက နှုတ်ထွက်နိုင်သည်ဟု ယင်းပုဒ်မ-၂၆၄(က)တွင် တိုင်း/ပြည်နယ်ဝန်ကြီးချုပ်များ သမ္မတထံတင်ပြပြီး ဆန္ဒအရ နှုတ်ထွက်လိုက နှုတ်ထွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ထို့အပြင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ခန့်အပ်ခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၂၈၉ တွင်ရပ်ရွာက ကြည်ညို လေးစားသူ သိက္ခာသမာဓိရှိသူတစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်ဆောင်ရွက်စေရမည် ဟုပြဋ္ဌာန်းထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏ အထွဋ်အထိပ်ဖြစ်သော နိုင်ငံတော်သမ္မတသည်ပင်လျှင် ဆန္ဒအရ နှုတ်ထွက်လိုက နှုတ်ထွက်နိုင်သည်ဟု ပြဋ္ဌာန်းထားပါလျက် အနိမ့်ဆုံးဖြစ်သော ရပ်/ကျေးအုပ်ချုပ်ရေးမှူ း နှုတ်ထွက်ခြင်းကို ခွင့်မပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မလိုက်နာခြင်းသာဖြစ်သည်။
နိုင်ငံတော်သမ္မတ/ဒုတိယသမ္မတတို့ သာမက ဝန်ကြီး အဆင့်ဆင့်ကို လွှတ်တော်က စွပ်စွဲပြစ်တင် နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး စွပ်စွဲလာပါက စွပ်စွဲချက်မှန်မမှန် စုံစမ်းပြီး မှန်ကန်က ရာထူးမှရပ်စဲရမည်ဟု ခြေ/ဥတွင် ပြဋ္ဌာန်းထားသည်။
ရပ်/ကျေးဥပဒေ တွင်အုပ်ချုပ်ရေးမှူ းအားပြည်သူက စွပ်စွဲခြင်း/တင်ပြခြင်းကို ယင်းဥပဒေပုဒ်မ-၅
အခန်း (၃)တွင် ပြဋ္ဌာန်းထားသည်။ ထိုသို့ တိုင်တန်းစွပ်စွဲလာမှသာ မြို့နယ်အုပ်ချ ုပ်ရေးမှူ းက ယင်းဥပဒေပုဒ်မ-၁၅ အရ အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး စွပ်စွဲချက်မှန်က အုပ်ချုပ်ရေးမှူး ရာထူးမှ ရပ်စဲရမည် ဖြစ်သည်။
ထို့ကြောင့် ရပ်/ကျေးအုပ်ချ ုပ်ရေးမှူ းက ဆန္ဒအလျောက် နှုတ်ထွက်ခွင့်တင်သည်ကို ခွင့်မပြုခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည့်အပြင် ရပ်/ကျေးအုပ်ချ ုပ်ရေးမှူ းဥပဒေတွင်လည်း
မြိုနယ်အုပ်ချုပ်ရေးမှူး အနေဖြင့် နှုတ်ထွက်ခွင့်မပြုဘဲ နှုတ်ထွက်ခွင့်တင်ပြသည်ကို ငြင်းပယ်နိုင်ကြောင်း ပြဋ္ဌာန်းချက် တစ်စုံတရာမပါဝင်ပါကြောင်း ထိုသို့ ခွင့်မပြုဘဲထားနိုင်သည်ဟု ယင်းဥပဒေတွင်ပြဋ္ဌာန်းထားပါကလည်း ခြေ/ဥနှင့်ဆန့်ကျင်နေ၍ ပျက်ပြယ်သွားမည်သာဖြစ်ကြောင်း သိဖို့လိုသည်။
တကျွန်းပြန်