စကားရပ်များအစားထိုးသည့်ဥပဒေ
(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၈/၈၈)
၁၃၅၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက်
၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ (က) ဤဥပဒေကို စကားရပ်များအစားထိုးသည့်ဥပဒေဟုခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် ၁၃၅၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ အာဏာတည်သည်ဟု မှတ်ယူရမည်။
၂။ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် စသည်တို့တွင် ပါရှိသော အောက်ပါ စကားရပ်များကို ယင်းတို့နှင့် ယှဉ်တွဲဖော်ပြထားသည့် စကားရပ်များဖြင့် ဆီလျော်သလိုအစားထိုးပြီးဖြစ်သည်ဟု မှတ်ယူရမည်-
တည်ဆဲစကားရပ် အစားထိုးသည့်စကားရပ်
(က) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုမြန်မာနိုင်ငံတော်
(ခ) နိုင်ငံတော်ကောင်စီ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
(ဂ) နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် နိုင်ငံတော် သမ္မတ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့ဥက္ကဋ္ဌ
(ဃ) ဝန်ကြီးအဖွဲ့ ဝန်ကြီးရုံး အစိုးရအဖွဲ့ အစိုးရအဖွဲ့ရုံး
(င) ပြည်သူ့တရားသူကြီးအဖွဲ့ သို့မဟုတ် ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဗဟိုတရားရုံး တရားသူကြီးချုပ် တရားရုံးချုပ်
(စ) ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ သို့မဟုတ် ပြည်သူ့ဥပဒေအကျိုး ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗဟိုဥပဒေရုံး ရှေ့နေချုပ် ရှေ့နေချုပ်ရုံး
(ဆ) ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ သို့မဟုတ် ပြည်သူ့လုပ်ငန်းစစ်ဆေး ရေးအဖွဲ့ ဥက္ကဋ္ဌ ဗဟိုစာရင်းရုံး စာရင်းစစ်ချုပ် စာရင်းစစ်ချုပ်ရုံး
(ဇ) ဗဟိုအာဏာပိုင်အဖွဲ့အစည်း အစိုးရအဖွဲ့၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ် သို့မဟုတ် စာရင်းစစ်ချုပ်
(ဈ) ပြည်နယ် သို့မဟုတ် တိုင်း ပြည်သူ့ ကောင်စီ ပြည်နယ် သို့မဟုတ် တိုင်း ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
(ည) ပြည်နယ် သို့မဟုတ် တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ ပြည်နယ် သို့မဟုတ် တိုင်းအဆင့် သို့မဟုတ် မြို့နယ်စု အဆင့် သက်ဆိုင်ရာဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ သို့မဟုတ် ကော်ပိုရေးရှင်း အကြီးအကဲ
(ဋ) မြို့နယ်ပြည်သူ့ကောင်စီ မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
(ဌ) မြို့နယ်ပြည်သူ့ကောင်စီအလုပ်အမှု ဆောင်အဖွဲ့ မြို့နယ်အဆင့်သက်ဆိုင်ရာဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ သို့မဟုတ် ကော်ပိုရေးရှင်း အကြီးအကဲ
(ဍ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပြည်သူ့ ကောင်စီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့
(ဎ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပြည်သူ့ ကောင်စီ အလုပ်အမှုဆောင် အဖွဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အဆင့် သက်ဆိုင်ရာ ဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ သို့မဟုတ် ကော်ပိုရေး ရှင်းအကြီးအကဲ သို့မဟုတ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
၃။ ပုဒ်မ ၂၊ ပုဒ်မခွဲ (ည) (ဌ) နှင့် (ဎ) တို့တွင် ဖော်ပြပါရှိသော ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့ ဆိုသည့် စကားရပ်၌ ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်သို့မဟုတ် ယင်းအဖွဲ့က ဥပဒေအရ ဖွဲ့စည်းသောအဖွဲ့လည်းပါဝင်သည်။
—– Footnote —–
[ပင်ရင်း- ၁၉၈၈ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ၊ နည်းဥပဒေများစာအုပ်မှ ကူးယူတင်ပြသည်။]