စစ် ၏ အနိဋ္ဌာရုံများကို ကန့်သတ်သည့် ဂျနီဗာကွန်ဗန်းရှင်းများ အကြောင်း အနှစ်ချုပ်

*****************************

[ Zawgyi Version First ] [ Unicode version below ]

[ Now read in Zawgyi version here ]

စစ္ ၏ အနိ႒ာရံုမ်ားကို ကန္႔သတ္သည့္ ဂ်နီဗာကြန္ဗန္းရွင္းမ်ား အေၾကာင္း အႏွစ္ခ်ဳပ္


( – – ဂ်နီဗာကြန္ဗန္းရွင္းမ်ားအေၾကာင္းကို လိုရင္းအႏွစ္ မပ်က္ယြင္းေစပဲ အေျခခံျပည္သူအမ်ား၏ နားသို႔ ေရာက္ေစလို၍ ေရးသည့္ စာ ျဖစ္ပါသည္။ ဂ်နီဗာကြန္ဗန္းရွင္းအပါအ၀င္ျဖစ္ေသာ ဥပေဒအား ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒ (International Humanitarian Law) (သို႔မဟုတ္) IHL ဟု ေခၚေ၀ၚၾကပါသည္ – – )

၁။       စစ္မက္ျဖစ္ပြားေနသည့္ကာလမ်ား၌ပင္လွ်င္ လိုက္နာၾကရမည့္ ဥပေဒဆိုသည္မွာ ရွိေနၿပီး၊ ဥပေဒႏွင့္အညီသာ ေဆာင္ရြက္ၾကရမည္ ျဖစ္သည္။ စစ္ပြဲကာလအတြင္း တရားလက္လြတ္ျပဳမူျခင္းကို ႏိုင္ငံတကာဥပေဒမ်ားက ခြင့္မျပဳပါ။ ထိုစစ္မက္အေျခအေနမ်ားအား ကန္႔သတ္ျပ႒ာန္းသည့္ စစ္ပြဲဆိုင္ရာဥပေဒမ်ား (laws of war) မွာ မျဖစ္မေန တည္ရွိေနၾကပါသည္။ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒ (International Humanitarian Law) မွာ  စစ္ပြဲဆိုင္ရာဥပေဒမ်ား (laws of war) ျဖစ္ပါသည္။ IHL ဟု အတိုေကာက္ ေခၚေ၀ၚၾကပါသည္။

၂။       ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒ (IHL) ဆိုသည္မွာ လက္နက္စြဲကိုင္ တိုက္ခိုက္ေသာ ပဋိပကၡ (armed conflict) တစ္ခုခုအတြင္း ဘာေတြကို လုပ္လို႔ရတယ္၊ ဘာေတြကိုေတာ့ လုပ္လို႔မရဘူး ဟု သတ္မွတ္ျပ႒ာန္းထားေသာ ႏိုင္ငံတကာ ဥပေဒ အစုအေ၀းကို ဆိုလိုသည္။ အမ်ားသူငါ ၾကားဖူးေနၾကေသာ ဂ်နီဗာကြန္ဗန္းရွင္းတို႔ဆိုသည္မွာ ဤ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒ (IHL) ထဲတြင္ အပါအ၀င္ ျဖစ္သည္။

၃။       လက္ရွိ AA ႏွင့္ ျမန္မာ့တပ္မေတာ္တို႔ ျဖစ္ပြားေနေသာ လက္နက္ကိုင္ ပဋိပကၡသည္လည္း ျမန္မာအစိုးရဘက္က AA ကို အၾကမ္းဖက္အဖြဲ႕ဟု ေခၚေ၀ၚသည္ျဖစ္ေစ မေခၚေ၀ၚသည္ ျဖစ္ေစ၊ AA အား ရဲစခန္းတြင္ အၾကမ္းဖက္မႈႏွင့္ အမႈဖြင့္ထားသည္ ျဖစ္ေစ မဖြင့္ထားသည္ ျဖစ္ေစ၊ လက္နက္ကိုင္ ပဋိပကၡ (armed conflict) ျဖစ္သည့္အေလ်ာက္ ဤ IHL ထဲတြင္ အက်ံဳး၀င္ၿပီး၊ အရပ္သားမ်ား ႏွင့္တကြ တိုက္ခိုက္ေနျခင္း မဟုတ္သူမ်ား အားလံုးမွာ သက္ဆိုင္ရာကင္းလြတ္ခြင့္မ်ား ရၾကရမည္ ျဖစ္ပါသည္။

၄။       လက္နက္စြဲကိုင္ တိုက္ခိုက္ေသာ ပဋိပကၡ (armed conflict) တစ္ခုခုအတြင္း ဘာေတြကို လုပ္လို႔ရတယ္၊ ဘာေတြကိုေတာ့ လုပ္လို႔မရဘူး ဟု IHL ၏ သတ္မွတ္ျပ႒ာန္းခ်က္မ်ားကို ေအာက္ပါအတိုင္း အၾကမ္းဖ်င္းနားလည္ႏိုင္သည္။

          ●        စစ္ပြဲဆိုင္ရာဥပေဒမ်ား (laws of war) ၏ အဓိက ရည္ရြယ္ခ်က္မွာ လက္နက္ကိုင္ ပဋိပကၡ ျဖစ္ပြားေနစဥ္ ကာလမ်ားအတြင္း အသက္မ်ားကိုကယ္တင္ႏိုင္လ်က္ ဆင္းရဲဒုကၡမ်ားကို ေလ်ာ့ပါးေစလ်က္ လူသားမ်ိဳးႏြယ္အား တတ္အားသမွ် ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ေစရန္ ရည္ရြယ္သည္။

          ●        ထိုသို႔ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ရန္ အလို႔ငွာ – IHL သည္ အေျခအေနႏွစ္ရပ္အား ထိန္းညိႇမႈျပဳလ်က္ စစ္ပြဲမ်ားကို မည္သို႔မည္ပံုသာ တိုက္ခိုက္ၾကသင့္သည္ ဟု သတ္မွတ္ျပ႒ာန္းေပးသည္။ အဆိုပါ အေျခအေနႏွစ္ရပ္မွာ – တစ္၊ ရန္သူ ဟု သတ္မွတ္ခံရသူမ်ား နည္းပါးသြားေစျခင္း ႏွင့္ ဒုကၡျဖစ္ေစမည့္ လုပ္ေဆာင္ခ်က္မ်ားကို လုပ္ခြင့္မရေအာင္ ကန္႔သတ္ပစ္ျခင္း တို႔ ျဖစ္ၾကသည္။

          ●        စစ္ပြဲမ်ားကို မည္သို႔မည္ပံုသာ တိုက္ခိုက္ရမည္ ဟု သတ္မွတ္ေသာ စည္းမ်ဥ္းမ်ား၏ သက္ေရာက္လႊမ္းၿခံဳမႈသည္ ေနရာတိုင္း လူမ်ိဳးတိုင္း အေျခအေနတိုင္း လက္နက္ကိုင္တိုက္ခုိက္မႈတိုင္း တြင္ သက္ေရာက္ေစရမည္။ အဂၤလိပ္ဘာသာစကားျဖင့္ ေျပာရလွ်င္ universal ျဖစ္ရမည္။ (ငါတို႔က သူတို႔ကို ဘယ္လို သတ္မွတ္ထားလို႔ ဘယ္လို သတ္ပစ္လိုက္တာ ဟူ၍မရွိေစရ။ ဘယ္လူမ်ိဳးမို႔လို႔ ဆိုတာ မရွိေစရ။) IHL ၏ အဓိကအစိတ္အပိုင္းျဖစ္ေသာ ဂ်နီဗာကြန္ဗန္းရွင္းမ်ားမွာ (ျမန္မာႏိုင္ငံ အပါအ၀င္) ႏိုင္ငံေပါင္း (၁၉၆) ႏိုင္ငံက အတည္ျပဳလက္ခံထားၾကေသာ ႏိုင္ငံတကာ သေဘာတူညီခ်က္ ျဖစ္သည္။ ဤသည္ေလာက္ ႏိုင္ငံအေရအတြက္မ်ားမ်ား အတည္ျပဳလက္ခံေသာ ဤမွ်ႏိုင္ငံတကာေထာက္ခံမႈရေသာ (ဆိုလိုသည္မွာ ဤမွ် အားရွိေသာ)  ႏိုင္ငံတကာစာခ်ဳပ္ ဟူ၍ မရွိသေလာက္ပင္ ျဖစ္သည္။

          ●        စစ္ပြဲတစ္ပြဲပြဲတြင္ ပါ၀င္တိုက္ခိုက္ေနသည့္ မည္သူမဆို ဤ IHL အား ေလးစားလိုက္နာ ၾကရမည္။ အစိုးရတပ္မ်ားေရာ အစိုးရမဟုတ္ေသာ လက္နက္ကိုင္အုပ္စုမ်ားကပါ ေလးစားလိုက္နာၾကရမည္။

          ●        စစ္ပြဲတိုက္ခိုက္မႈဆိုင္ရာ စည္းမ်ဥ္းမ်ားကို ေဖာက္ဖ်က္က်ဴးလြန္ပါက ထိုသို႔က်ဴးလြန္ျခင္း၏ အက်ိဳးဆက္မ်ားကို က်ဴးလြန္သူမ်ားက ခံစားၾကရမည္ ျဖစ္သည္။ စစ္ရာဇ၀တ္မႈမ်ားကို မွတ္တမ္းတင္ၾကရမည္။ ယင္းတို႔ကို ႏိုင္ငံဆိုင္ရာ တရားရံုးမ်ား ႏွင့္ ႏိုင္ငံတကာတရားရံုးမ်ားက စံုစမ္းစစ္ေဆးလာရမည္။ က်ဴးလြန္သူ လူပုဂၢိဳလ္တစ္ဦးခ်င္း တို႔အား စစ္ေဆးစီရင္ႏိုင္သည္။  

          ●        လူပုဂၢိဳလ္တစ္ဦးခ်င္းဆိုရာ၌ က်ဴးလြန္သူတစ္ဦးခ်င္းက က်ဴးလြန္သည့္အမႈအလိုက္ စီရင္ျခင္းကို ဆိုလိုသည္။ အထက္ကအမိန္႔အရ လုပ္ရပါသည္ ဟု ကင္းလြတ္ခြင့္မရႏိုင္။ သို႔မဟုတ္ပါက အထက္ကအမိန္႔အရ လုပ္ရပါသည္ ဟုဆိုလ်က္ နာဇီစစ္ရာဇ၀တ္ေကာင္မ်ား အားလံုး ကြင္းလံုးကၽြတ္ လြတ္ေျမာက္ကာ ဟစ္တလာတစ္ဦးတည္းသာ အျပစ္က်ခံရန္ ျဖစ္သြားေပလိမ့္မည္။

၅။       စစ္ပြဲဆိုင္ရာဥပေဒမ်ား(laws of war) ၏ ဆိုလိုခ်က္ အႏွစ္ခ်ဳပ္မွာ – “လူေတြကို ႏွိပ္စက္ညွဥ္းပန္းျခင္း မျပဳရ။ အရပ္သား (civilian) မ်ားကို တိုက္ခုိက္ျခင္းမျပဳရ။ မိမိ၏စစ္မက္လႈပ္ရွားမႈသည္ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားအေပၚ သက္ေရာက္ထိခိုက္မႈ နည္းႏိုင္သမွ် အနည္းဆံုးျဖစ္ေအာင္ ကန္႔သတ္ထိန္းခ်ဳပ္ရမည္။ မိမိ ထိန္းသိမ္းခ်ဳပ္ေႏွာင္ထားသူမ်ား(အက်ဥ္းသားမ်ား) ကို လူသားဆန္စြာ သနားညႇာတာဆက္ဆံရမည္” ဟု အႏွစ္ခ်ဳပ္ ဆိုႏိုင္ပါသည္။

၆။       စစ္ပြဲဆိုင္ရာဥပေဒမ်ား(laws of war) က ဘာေတြ ရပ္တည္ေဆာင္ရြက္ေပးသနည္း။ ဤစစ္ပြဲဆိုင္ရာ ဥပေဒမ်ားမ်ားသည္ မည္သူမ်ားကို မည္ကဲ့သို႔ အကာအကြယ္ေပးရန္ သတ္မွတ္ျပ႒ာန္းထား သနည္း။ ထို ေမးခြန္း မ်ားကို ေျဖဆိုရမည္ဆိုပါက ဤစစ္ပြဲဆိုင္ရာ ဥပေဒမ်ားသည္ –

          (၁) တိုက္ခိုက္ျခင္းကို လုပ္ေဆာင္ေနျခင္းမရွိေသာ သူမ်ားကို အကာအကြယ္ေပးသည္။ (ဥပမာ – အရပ္သားမ်ား၊ ေဆးကုသမႈေဆာင္ရြက္သူ ၀န္ထမ္းမ်ား၊ ကူညီကယ္ဆယ္ေရးလုပ္ေဆာင္သူမ်ား . . . )

          (၂) ဆက္လက္တိုက္ခိုက္ရန္ မတတ္ႏိုင္စြမ္းေတာ့သူမ်ားကို အကာအကြယ္ေပးသည္။ (ဥပမာ – ဒဏ္ရာရ (ႏွစ္ဘက္)စစ္သည္မ်ား၊ ဖမ္းဆီးခံရသူမ်ား)

          (၃) အရပ္သားမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ျခင္းကို တားျမစ္သည္။ ထိုသို႔လုပ္ေဆာင္ျခင္းသည္ စစ္ရာဇ၀တ္မႈ (war crime) ျဖစ္သည္။ (ဆိုလိုသည္မွာ က်ဴးလြန္သူ/က်ဴးလြန္ရန္ အမိန္႔ေပးသူ တို႔သည္ စစ္ေဆး တရားစီရင္ျခင္းခံရမည္။)

          (၄) အရပ္သားမ်ားသည္ စစ္၏ ေဘးအႏၱရာယ္မ်ားကေန အကာအကြယ္ရပိုင္ခြင့္ ရွိသည္သာမက ၎တို႔လိုအပ္ေနသည္မ်ားကို လက္ခံရယူပိုင္ခြင့္ရွိသည္ ဟု အသိအမွတ္ျပဳသည္။ (ဥပမာ- ကယ္ဆယ္ေရး အကူအညီရပိုင္ခြင့္ ရွိသည္။) ၎တို႔ကိုေသာ္လည္းေကာင္း ၎တို႔၏ေနအိမ္မ်ားကိုေသာ္လည္းေကာင္း ေဘးတစ္စံုတစ္ရာ ျဖစ္ေစျခင္း အလ်ဥ္းမရွိေလရေအာင္၊ ထို႔အျပင္ ေရအရင္းအျမစ္၊ ေကာက္ပဲသီးႏွံ၊ ေမြးျမဴထားသည့္ ကၽြဲႏြားၾကက္ အစရွိသည့္ ၎တို႔ အသက္ရွင္ရပ္တည္ေရးနည္းလမ္းမ်ားကို ပ်က္စီးေစျခင္း တို႔ လံုး၀မျဖစ္ေစရေလေအာင္ အတတ္ႏိုင္ဆံုး သတိထား ဂရုျပဳလုပ္ေဆာင္ရမည္ ဟု IHL က သတ္မွတ္ ျပ႒ာန္းထားသည္။

          (၅) နာဖ်ားမက်န္းျဖစ္ေနသူမ်ား ႏွင့္ ဒဏ္ရာရေနသူမ်ားသည္ စစ္မက္၏ မည္သည့္ ဘက္သားပင္ ျဖစ္ေစကာမူ (ေဆး၀ါး)ျပဳစုေစာင့္ေရွာက္ခံပိုင္ခြင့္ ရွိသည္ဟု အခိုင္အမာ သတ္မွတ္ျပ႒ာန္းသည္။

          (၆) လူသားခ်င္းစာနာမႈဆိုင္ရာ လုပ္ငန္းမ်ားလုပ္ေဆာင္ေနသည့္ ေဆးဘက္ဆိုင္ရာလုပ္သားမ်ား၊ ေဆးဘက္ဆိုင္ရာ ယာဥ္မ်ား၊ ေဆးရံုေဆးခန္းမ်ား ကို တိုက္ခိုက္ျခင္းမျပဳရ ဟု သတ္မွတ္သည္။

          (၇) အက်ဥ္းသားမ်ားအား ႏွိပ္စက္ညႇဥ္းပန္းျခင္း ႏွင့္ လူ႔ဂုဏ္သိကၡာနိမ့္ပါးေစေအာင္ ႏွိမ့္ခ်ဆက္ဆံျခင္း မ်ားကို လံုး၀တားျမစ္သည္။

          (၈) ခ်ဳပ္ေႏွာင္အက်ဥ္းခ်ခံရသူမ်ားသည္ အစားအစာႏွင့္ ေရ ကို လက္ခံရရွိေစရမည္။ ထို႔အျပင္ ၎၏ ခ်စ္ခင္ရသူမ်ားႏွင့္ ဆက္သြယ္ပိုင္ခြင့္ ရွိရမည္။

          (၉) မလိုလားအပ္ေသာ ဆင္းရဲဒုကၡမ်ားမျဖစ္ေပၚေစေရးအတြက္ မိမိတို႔၏ လက္နက္မ်ား ႏွင့္ စစ္ဖက္နည္းစနစ္မ်ားကို ကန္႔သတ္သံုးစြဲရမည္။ (ဥပမာ – ေသခ်င္သူေသပေလေစေရာ့ ဆိုၿပီး ဗံုးႀကဲခ်င္သလို ႀကဲျခင္းမ်ိဳး မျပဳရ ဟု ဆိုလိုသည္။ ရဟတ္ယာဥ္ေပၚမွေန၍ အရပ္သားမွန္းမသိ တိုက္ခိုက္ေရးသမားမွန္းမသိ မဲမဲျမင္ရာ လွမ္းပစ္ျခင္းမျပဳရ ဟု ဆိုလိုသည္။)

          (၁၀) လက္နက္ကိုင္ပဋိပကၡျဖစ္ရာ အခင္းအက်င္းအတြင္း မုဒိမ္းက်င့္ျခင္း ႏွင့္ အျခားေသာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ားကို လံုး၀ မျဖစ္ပြားေစရ ဟု ပိတ္ပင္တားျမစ္သည္။

          (၁၁) သမိုင္း၀င္အေဆာက္အအံုမ်ား၊ သမိုင္း၀င္အထိမ္းအမွတ္မ်ား၊ အႏုပညာလက္ရာမ်ား ႏွင့္ အျခားေသာ ယဥ္ေက်းမႈဆိုင္ရာ အဖိုးတန္အေမြအႏွစ္မ်ားကို ကာကြယ္ေစာင့္ေရွာက္ရန္ ျပ႒ာန္းထားသည္။

၇။       ရခုိင္ျပည္၏ တိုက္ပြဲမ်ားျဖစ္ပြားေနသည့္ကာလမ်ားတြင္ အရပ္သားျပည္သူမ်ားအေနျဖင့္ မိမိတို႔အား ႏိုင္ငံတကာဥပေဒမ်ားအရ မည္သို႔ အကာအကြယ္ေၾကာင္း မျဖစ္မေနသိထားၾကရမည္သာမက၊ ထိုသို႔အကာအကြယ္ေပးမႈမ်ားအား ေဖာက္ဖ်က္က်ဴးလြန္သည့္ တိုက္ခိုက္သူမ်ားမွာ ဥပေဒကို က်ဴးလြန္ျခင္းျဖစ္ေၾကာင္း မိမိတို႔က သိရွိေနၾကရမည့္အျပင္၊ ထိုသို႔ က်ဴးလြန္သည့္ အျဖစ္အပ်က္မ်ားကိုလည္း အခ်က္အလက္ အျပည့္အစံုႏွင့္တကြ မွတ္တမ္းျပဳစုထားၾကရန္ လိုအပ္ပါသည္။ တိုင္တမ္းႏိုင္သည့္ေနရာမ်ားသို႔ တိုင္တမ္းၾကရန္ လိုအပ္ပါသည္။

၈။       သို႔ျဖစ္ပါ၍ ဂ်နီဗာကြန္ဗန္းရွင္းဟု အမ်ားသိေနၾကသည့္ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒ (IHL) အေၾကာင္း အက်ဥ္းမွ်ကို တိုက္ပြဲနယ္ေျမမ်ားအတြင္းရွိ ေက်းရြာေခါင္းေဆာင္မ်ား၊ ေဆြမ်ိဳးစုေခါင္းေဆာင္မ်ား၊ လူမႈအဖြဲ႕အစည္း လႈပ္ရွားေဆာင္ရြက္သူမ်ား၊ ေစတနာရွင္မ်ား၊ ရခိုင္ႏိုင္ငံေရး ႏွင့္ ပတ္သက္သူမ်ား၊ တက္ၾကြလႈပ္ရွားသူမ်ားအေနျဖင့္ လိုရင္းတိုရွင္းသိႏိုင္ေစရန္ ရည္ရြယ္လ်က္ ဤစာစုကို ဘာသာျပန္ေရးသားပါသည္။ ေဖ့စ္ဘုတ္ အစရွိသည့္ လူမႈကြန္ရက္မ်ားမွတစ္ဆင့္ တတ္အားသမွ် ျပန္လည္ မွ်ေ၀ၾကရင္း တိုက္ပြဲၾကားေရာက္ေနသည့္ အေျခခံျပည္သူမ်ားသိရွိႏိုင္ၾကေစရန္ ရည္ရြယ္ေရးသားပါသည္။

၉။       နယ္သာလန္ႏိုင္ငံ သည္ဟိတ္ၿမိဳ႕တြင္ အေျခစိုက္သည့္ ႏိုင္ငံတကာ ရာဇ၀တ္မႈ တရားရံုး (ICC) မွာ စစ္ရာဇ၀တ္မႈမ်ား၊ လူမ်ိဳးတံုးသတ္ျဖတ္မႈမ်ား၊ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္ရက္စက္သည့္ ရာဇ၀တ္မႈ (crime against humanity) တို႔အား စစ္ေဆး စြဲဆို ၾကားနာ စီရင္ပါသည္။ တိုင္ၾကားရန္ရွိသူ လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ သို႔မဟုတ္ အဖြဲ႕အစည္းတစ္ခုခုတို႔အေနျဖင့္ အဆိုပါ ICC ၏ စြဲဆိုေရးမွဴးရံုး (Office of The Prosecutor) သို႔ တိုင္ၾကားခ်က္ ေပးပို႔ႏိုင္ၾကပါသည္။ ဆက္သြယ္ေျပာၾကားခ်က္မ်ား (communications) ဟု ေခၚတြင္သည့္ အဆိုပါ တိုင္ၾကားခ်က္မ်ားကို အဂၤလိပ္ဘာသာ သို႔မဟုတ္ ျပင္သစ္ဘာသာ သို႔မဟုတ္ ICC ရံုးေတာ္၏ ရံုးသံုးဘာသာစကား တစ္ခုခုျဖစ္သည့္ အာရဗီ၊ တရုတ္၊ ရုရွား၊ စပိန္ တမ်ိဳးမ်ိဳးျဖင့္ ေရးသားလ်က္ ေအာက္ပါ လိပ္စာသို႔ ေပးပို႔ပါက စြဲဆိုေရးမွဴးရံုးသည္ ေရာက္လာသည့္ ဆက္သြယ္ေျပာၾကားခ်က္၏ အက်ံဳး၀င္မႈ၊ အမႈေလးနက္မႈ၊ အခ်က္အလက္ခိုင္မာမႈတို႔ကို ကနဦးဆန္းစစ္မႈ (initial review) ျပဳလုပ္လ်က္ အမႈအား ဆက္လက္ကိုင္တြယ္ လုပ္ေဆာင္ရန္ သင့္မသင့္ကို သံုးသပ္ဆံုးျဖတ္မည္ ျဖစ္ပါသည္။

ဆက္သြယ္ေျပာၾကားခ်က္ တစ္ရပ္ရပ္ကို OTC သို႔ ေပးပို႔ရန္ နည္းလမ္း သံုးသြယ္ရွိပါသည္။

စာတိုက္မွ ပို႔ရန္ လိပ္စာ –

International Criminal Court 
Office of the Prosecutor 
Communications 
Post Office Box 19519 
2500 CM The Hague 
The Netherlands 

အီးေမးလ္ျဖင့္ ပို႔ရန္ – otp.informationdesk@icc-cpi.int 

ဖက္စ္ (fax) ျဖင့္ ပို႔ရန္ – +31 70 515 8555

၁၀။     သတိမူရန္တစ္ခ်က္မွာ ျမန္မာႏိုင္ငံသည္ ဂ်နီဗာကြန္ဗန္းရွင္း ကို လိုက္နာလုပ္ေဆာင္ရန္ သေဘာတူထားသည့္ႏိုင္ငံတစ္ႏိုင္ငံ (a state party) ျဖစ္ေသာ္ျငားလည္း ႏိုင္ငံတကာ ရာဇ၀တ္မႈ တရားရံုး ဆိုင္ရာ ႏိုင္ငံတကာ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးထားျခင္း မရွိေသးပါ။ သို႔ေသာ္ျငားလည္း ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ဘဂၤလာေဒ့ရွ္ႏိုင္ငံဖက္သို႔ မ်က္စိလည္လမ္းမွားေရာက္သြားေသာ ျမန္မာတပ္သား တစ္ဦးမွာ တိုင္ၾကားခံရခ်က္မ်ားႏွင့္ ပတ္သက္ေနသည္ ဟု ဆိုကာ ၎အား ဘဂၤလာေဒ့ရွ္ႏိုင္ငံက ICC သို႔ လႊဲေျပာင္း ေပးရန္ စီစဥ္ေနသည္။

၁၁။     ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒ (IHL) အား မူရင္းအတိုင္း ဖတ္ရႈႏိုင္ရန္ ႏွင့္ လိုအပ္ပါက download ခ်ႏိုင္ေစရန္အလို႔ငွာ Kyaw Zaw Oo’s Blog တြင္ ပံုႏွိပ္ထားသည့္ ဤေဆာင္းပါးစာစုအဆံုးတြင္ link မ်ား တင္ေပးထားပါသည္။

ရခိုင္သူရခုိင္သားမ်ား က်န္းမာၾကပါေစ။

ဦးေက်ာ္ေဇာဦး

ရခုိင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္

စစ္ေတြၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂)

၂၀၁၉ ေဖေဖာ္၀ါရီလ (၂) ရက္

======

ကိုးကား –

 ၾသစေတးလ် ၾကက္ေျခနီအဖြဲ႕ website ၏ “What is International Humanitarian Law?” ေဆာင္းပါးကို ဘာသာျပန္ ျဖည့္စြက္ေရးသားပါသည္။

https://www.redcross.org.au/get-involved/take-action/take-action-on-an-issue/what-is-international-humanitarian-law

နိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒ (IHL) အား အပိုင္းအလိုက္ ေအာက္ပါ link မ်ားတြင္ ဖတ္ရႈနိုင္ပါသည္။ download ခ်နိုင္ပါသည္။









*****************************

*****************************

[ Now read in Unicode version here ]

( – – ဂျနီဗာကွန်ဗန်းရှင်းများအကြောင်းကို လိုရင်းအနှစ် မပျက်ယွင်းစေပဲ အခြေခံပြည်သူအများ၏ နားသို့ ရောက်စေလို၍ ရေးသည့် စာ ဖြစ်ပါသည်။ ဂျနီဗာကွန်ဗန်းရှင်းအပါအဝင်ဖြစ်သော ဥပဒေအား နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) (သို့မဟုတ်) IHL ဟု ခေါ်ဝေါ်ကြပါသည် – – )


၁။ စစ်မက်ဖြစ်ပွားနေသည့်ကာလများ၌ပင်လျှင် လိုက်နာကြရမည့် ဥပဒေဆိုသည်မှာ ရှိနေပြီး၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်ကြရမည် ဖြစ်သည်။ စစ်ပွဲကာလအတွင်း တရားလက်လွတ်ပြုမူခြင်းကို နိုင်ငံတကာဥပဒေများက ခွင့်မပြုပါ။ ထိုစစ်မက်အခြေအနေများအား ကန့်သတ်ပြဋ္ဌာန်းသည့် စစ်ပွဲဆိုင်ရာဥပဒေများ (laws of war) မှာ မဖြစ်မနေ တည်ရှိနေကြပါသည်။ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) မှာ စစ်ပွဲဆိုင်ရာဥပဒေများ (laws of war) ဖြစ်ပါသည်။ IHL ဟု အတိုကောက် ခေါ်ဝေါ်ကြပါသည်။

၂။ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (IHL) ဆိုသည်မှာ လက်နက်စွဲကိုင် တိုက်ခိုက်သော ပဋိပက္ခ (armed conflict) တစ်ခုခုအတွင်း ဘာတွေကို လုပ်လို့ရတယ်၊ ဘာတွေကိုတော့ လုပ်လို့မရဘူး ဟု သတ်မှတ်ပြဋ္ဌာန်းထားသော နိုင်ငံတကာ ဥပဒေ အစုအဝေးကို ဆိုလိုသည်။ အများသူငါ ကြားဖူးနေကြသော ဂျနီဗာကွန်ဗန်းရှင်းတို့ဆိုသည်မှာ ဤ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (IHL) ထဲတွင် အပါအဝင် ဖြစ်သည်။

၃။ လက်ရှိ AA နှင့် မြန်မာ့တပ်မတော်တို့ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခသည်လည်း မြန်မာအစိုးရဘက်က AA ကို အကြမ်းဖက်အဖွဲ့ဟု ခေါ်ဝေါ်သည်ဖြစ်စေ မခေါ်ဝေါ်သည် ဖြစ်စေ၊ AA အား ရဲစခန်းတွင် အကြမ်းဖက်မှုနှင့် အမှုဖွင့်ထားသည် ဖြစ်စေ မဖွင့်ထားသည် ဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခ (armed conflict) ဖြစ်သည့်အလျောက် ဤ IHL ထဲတွင် အကျုံးဝင်ပြီး၊ အရပ်သားများ နှင့်တကွ တိုက်ခိုက်နေခြင်း မဟုတ်သူများ အားလုံးမှာ သက်ဆိုင်ရာကင်းလွတ်ခွင့်များ ရကြရမည် ဖြစ်ပါသည်။

၄။ လက်နက်စွဲကိုင် တိုက်ခိုက်သော ပဋိပက္ခ (armed conflict) တစ်ခုခုအတွင်း ဘာတွေကို လုပ်လို့ရတယ်၊ ဘာတွေကိုတော့ လုပ်လို့မရဘူး ဟု IHL ၏ သတ်မှတ်ပြဋ္ဌာန်းချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းနားလည်နိုင်သည်။

  • စစ်ပွဲဆိုင်ရာဥပဒေများ (laws of war) ၏ အဓိက ရည်ရွယ်ချက်မှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေစဉ် ကာလများအတွင်း အသက်များကိုကယ်တင်နိုင်လျက် ဆင်းရဲဒုက္ခများကို လျော့ပါးစေလျက် လူသားမျိုးနွယ်အား တတ်အားသမျှ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်သည်။
  • ထိုသို့ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အလို့ငှာ – IHL သည် အခြေအနေနှစ်ရပ်အား ထိန်းညှိမှုပြုလျက် စစ်ပွဲများကို မည်သို့မည်ပုံသာ တိုက်ခိုက်ကြသင့်သည် ဟု သတ်မှတ်ပြဋ္ဌာန်းပေးသည်။ အဆိုပါ အခြေအနေနှစ်ရပ်မှာ – တစ်၊ ရန်သူ ဟု သတ်မှတ်ခံရသူများ နည်းပါးသွားစေခြင်း နှင့် ဒုက္ခဖြစ်စေမည့် လုပ်ဆောင်ချက်များကို လုပ်ခွင့်မရအောင် ကန့်သတ်ပစ်ခြင်း တို့ ဖြစ်ကြသည်။
  • စစ်ပွဲများကို မည်သို့မည်ပုံသာ တိုက်ခိုက်ရမည် ဟု သတ်မှတ်သော စည်းမျဉ်းများ၏ သက်ရောက်လွှမ်းခြုံမှုသည် နေရာတိုင်း လူမျိုးတိုင်း အခြေအနေတိုင်း လက်နက်ကိုင်တိုက်ခိုက်မှုတိုင်း တွင် သက်ရောက်စေရမည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောရလျှင် universal ဖြစ်ရမည်။ (ငါတို့က သူတို့ကို ဘယ်လို သတ်မှတ်ထားလို့ ဘယ်လို သတ်ပစ်လိုက်တာ ဟူ၍မရှိစေရ။ ဘယ်လူမျိုးမို့လို့ ဆိုတာ မရှိစေရ။) IHL ၏ အဓိကအစိတ်အပိုင်းဖြစ်သော ဂျနီဗာကွန်ဗန်းရှင်းများမှာ (မြန်မာနိုင်ငံ အပါအဝင်) နိုင်ငံပေါင်း (၁၉၆) နိုင်ငံက အတည်ပြုလက်ခံထားကြသော နိုင်ငံတကာ သဘောတူညီချက် ဖြစ်သည်။ ဤသည်လောက် နိုင်ငံအရေအတွက်များများ အတည်ပြုလက်ခံသော ဤမျှနိုင်ငံတကာထောက်ခံမှုရသော (ဆိုလိုသည်မှာ ဤမျှ အားရှိသော) နိုင်ငံတကာစာချုပ် ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။
  • စစ်ပွဲတစ်ပွဲပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် မည်သူမဆို ဤ IHL အား လေးစားလိုက်နာ ကြရမည်။ အစိုးရတပ်များရော အစိုးရမဟုတ်သော လက်နက်ကိုင်အုပ်စုများကပါ လေးစားလိုက်နာကြရမည်။
  • စစ်ပွဲတိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းများကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသို့ကျူးလွန်ခြင်း၏ အကျိုးဆက်များကို ကျူးလွန်သူများက ခံစားကြရမည် ဖြစ်သည်။ စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်ကြရမည်။ ယင်းတို့ကို နိုင်ငံဆိုင်ရာ တရားရုံးများ နှင့် နိုင်ငံတကာတရားရုံးများက စုံစမ်းစစ်ဆေးလာရမည်။ ကျူးလွန်သူ လူပုဂ္ဂိုလ်တစ်ဦးချင်း တို့အား စစ်ဆေးစီရင်နိုင်သည်။
  • လူပုဂ္ဂိုလ်တစ်ဦးချင်းဆိုရာ၌ ကျူးလွန်သူတစ်ဦးချင်းက ကျူးလွန်သည့်အမှုအလိုက် စီရင်ခြင်းကို ဆိုလိုသည်။ အထက်ကအမိန့်အရ လုပ်ရပါသည် ဟု ကင်းလွတ်ခွင့်မရနိုင်။ သို့မဟုတ်ပါက အထက်ကအမိန့်အရ လုပ်ရပါသည် ဟုဆိုလျက် နာဇီစစ်ရာဇဝတ်ကောင်များ အားလုံး ကွင်းလုံးကျွတ် လွတ်မြောက်ကာ ဟစ်တလာတစ်ဦးတည်းသာ အပြစ်ကျခံရန် ဖြစ်သွားပေလိမ့်မည်။

၅။ စစ်ပွဲဆိုင်ရာဥပဒေများ(laws of war) ၏ ဆိုလိုချက် အနှစ်ချုပ်မှာ – “လူတွေကို နှိပ်စက်ညှဉ်းပန်းခြင်း မပြုရ။ အရပ်သား (civilian) များကို တိုက်ခိုက်ခြင်းမပြုရ။ မိမိ၏စစ်မက်လှုပ်ရှားမှုသည် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် သက်ရောက်ထိခိုက်မှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ကန့်သတ်ထိန်းချုပ်ရမည်။ မိမိ ထိန်းသိမ်းချုပ်နှောင်ထားသူများ(အကျဉ်းသားများ) ကို လူသားဆန်စွာ သနားညှာတာဆက်ဆံရမည်” ဟု အနှစ်ချုပ် ဆိုနိုင်ပါသည်။

၆။ စစ်ပွဲဆိုင်ရာဥပဒေများ(laws of war) က ဘာတွေ ရပ်တည်ဆောင်ရွက်ပေးသနည်း။ ဤစစ်ပွဲဆိုင်ရာ ဥပဒေများများသည် မည်သူများကို မည်ကဲ့သို့ အကာအကွယ်ပေးရန် သတ်မှတ်ပြဋ္ဌာန်းထား သနည်း။ ထို မေးခွန်း များကို ဖြေဆိုရမည်ဆိုပါက ဤစစ်ပွဲဆိုင်ရာ ဥပဒေများသည် –

(၁) တိုက်ခိုက်ခြင်းကို လုပ်ဆောင်နေခြင်းမရှိသော သူများကို အကာအကွယ်ပေးသည်။ (ဥပမာ – အရပ်သားများ၊ ဆေးကုသမှုဆောင်ရွက်သူ ဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများ . . . )

(၂) ဆက်လက်တိုက်ခိုက်ရန် မတတ်နိုင်စွမ်းတော့သူများကို အကာအကွယ်ပေးသည်။ (ဥပမာ – ဒဏ်ရာရ (နှစ်ဘက်)စစ်သည်များ၊ ဖမ်းဆီးခံရသူများ)

(၃) အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို တားမြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် စစ်ရာဇဝတ်မှု (war crime) ဖြစ်သည်။ (ဆိုလိုသည်မှာ ကျူးလွန်သူ/ကျူးလွန်ရန် အမိန့်ပေးသူ တို့သည် စစ်ဆေး တရားစီရင်ခြင်းခံရမည်။)

(၄) အရပ်သားများသည် စစ်၏ ဘေးအန္တရာယ်များကနေ အကာအကွယ်ရပိုင်ခွင့် ရှိသည်သာမက ၎င်းတို့လိုအပ်နေသည်များကို လက်ခံရယူပိုင်ခွင့်ရှိသည် ဟု အသိအမှတ်ပြုသည်။ (ဥပမာ- ကယ်ဆယ်ရေး အကူအညီရပိုင်ခွင့် ရှိသည်။) ၎င်းတို့ကိုသော်လည်းကောင်း ၎င်းတို့၏နေအိမ်များကိုသော်လည်းကောင်း ဘေးတစ်စုံတစ်ရာ ဖြစ်စေခြင်း အလျဉ်းမရှိလေရအောင်၊ ထို့အပြင် ရေအရင်းအမြစ်၊ ကောက်ပဲသီးနှံ၊ မွေးမြူထားသည့် ကျွဲနွားကြက် အစရှိသည့် ၎င်းတို့ အသက်ရှင်ရပ်တည်ရေးနည်းလမ်းများကို ပျက်စီးစေခြင်း တို့ လုံးဝမဖြစ်စေရလေအောင် အတတ်နိုင်ဆုံး သတိထား ဂရုပြုလုပ်ဆောင်ရမည် ဟု IHL က သတ်မှတ် ပြဋ္ဌာန်းထားသည်။

(၅) နာဖျားမကျန်းဖြစ်နေသူများ နှင့် ဒဏ်ရာရနေသူများသည် စစ်မက်၏ မည်သည့် ဘက်သားပင် ဖြစ်စေကာမူ (ဆေးဝါး)ပြုစုစောင့်ရှောက်ခံပိုင်ခွင့် ရှိသည်ဟု အခိုင်အမာ သတ်မှတ်ပြဋ္ဌာန်းသည်။

(၆) လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများလုပ်ဆောင်နေသည့် ဆေးဘက်ဆိုင်ရာလုပ်သားများ၊ ဆေးဘက်ဆိုင်ရာ ယာဉ်များ၊ ဆေးရုံဆေးခန်းများ ကို တိုက်ခိုက်ခြင်းမပြုရ ဟု သတ်မှတ်သည်။

(၇) အကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းခြင်း နှင့် လူ့ဂုဏ်သိက္ခာနိမ့်ပါးစေအောင် နှိမ့်ချဆက်ဆံခြင်း များကို လုံးဝတားမြစ်သည်။

(၈) ချုပ်နှောင်အကျဉ်းချခံရသူများသည် အစားအစာနှင့် ရေ ကို လက်ခံရရှိစေရမည်။ ထို့အပြင် ၎င်း၏ ချစ်ခင်ရသူများနှင့် ဆက်သွယ်ပိုင်ခွင့် ရှိရမည်။

(၉) မလိုလားအပ်သော ဆင်းရဲဒုက္ခများမဖြစ်ပေါ်စေရေးအတွက် မိမိတို့၏ လက်နက်များ နှင့် စစ်ဖက်နည်းစနစ်များကို ကန့်သတ်သုံးစွဲရမည်။ (ဥပမာ – သေချင်သူသေပလေစေရော့ ဆိုပြီး ဗုံးကြဲချင်သလို ကြဲခြင်းမျိုး မပြုရ ဟု ဆိုလိုသည်။ ရဟတ်ယာဉ်ပေါ်မှနေ၍ အရပ်သားမှန်းမသိ တိုက်ခိုက်ရေးသမားမှန်းမသိ မဲမဲမြင်ရာ လှမ်းပစ်ခြင်းမပြုရ ဟု ဆိုလိုသည်။)

(၉) မလိုလားအပ်သော ဆင်းရဲဒုက္ခများမဖြစ်ပေါ်စေရေးအတွက် မိမိတို့၏ လက်နက်များ နှင့် စစ်ဖက်နည်းစနစ်များကို ကန့်သတ်သုံးစွဲရမည်။ (ဥပမာ – သေချင်သူသေပလေစေရော့ ဆိုပြီး ဗုံးကြဲချင်သလို ကြဲခြင်းမျိုး မပြုရ ဟု ဆိုလိုသည်။ ရဟတ်ယာဉ်ပေါ်မှနေ၍ အရပ်သားမှန်းမသိ တိုက်ခိုက်ရေးသမားမှန်းမသိ မဲမဲမြင်ရာ လှမ်းပစ်ခြင်းမပြုရ ဟု ဆိုလိုသည်။)

(၁၀) လက်နက်ကိုင်ပဋိပက္ခဖြစ်ရာ အခင်းအကျင်းအတွင်း မုဒိမ်းကျင့်ခြင်း နှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လုံးဝ မဖြစ်ပွားစေရ ဟု ပိတ်ပင်တားမြစ်သည်။

(၁၁) သမိုင်းဝင်အဆောက်အအုံများ၊ သမိုင်းဝင်အထိမ်းအမှတ်များ၊ အနုပညာလက်ရာများ နှင့် အခြားသော ယဉ်ကျေးမှုဆိုင်ရာ အဖိုးတန်အမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ရန် ပြဋ္ဌာန်းထားသည်။

၇။ ရခိုင်ပြည်၏ တိုက်ပွဲများဖြစ်ပွားနေသည့်ကာလများတွင် အရပ်သားပြည်သူများအနေဖြင့် မိမိတို့အား နိုင်ငံတကာဥပဒေများအရ မည်သို့ အကာအကွယ်ကြောင်း မဖြစ်မနေသိထားကြရမည်သာမက၊ ထိုသို့အကာအကွယ်ပေးမှုများအား ဖောက်ဖျက်ကျူးလွန်သည့် တိုက်ခိုက်သူများမှာ ဥပဒေကို ကျူးလွန်ခြင်းဖြစ်ကြောင်း မိမိတို့က သိရှိနေကြရမည့်အပြင်၊ ထိုသို့ ကျူးလွန်သည့် အဖြစ်အပျက်များကိုလည်း အချက်အလက် အပြည့်အစုံနှင့်တကွ မှတ်တမ်းပြုစုထားကြရန် လိုအပ်ပါသည်။ တိုင်တမ်းနိုင်သည့်နေရာများသို့ တိုင်တမ်းကြရန် လိုအပ်ပါသည်။

၈။ သို့ဖြစ်ပါ၍ ဂျနီဗာကွန်ဗန်းရှင်းဟု အများသိနေကြသည့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (IHL) အကြောင်း အကျဉ်းမျှကို တိုက်ပွဲနယ်မြေများအတွင်းရှိ ကျေးရွာခေါင်းဆောင်များ၊ ဆွေမျိုးစုခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်း လှုပ်ရှားဆောင်ရွက်သူများ၊ စေတနာရှင်များ၊ ရခိုင်နိုင်ငံရေး နှင့် ပတ်သက်သူများ၊ တက်ကြွလှုပ်ရှားသူများအနေဖြင့် လိုရင်းတိုရှင်းသိနိုင်စေရန် ရည်ရွယ်လျက် ဤစာစုကို ဘာသာပြန်ရေးသားပါသည်။ ဖေ့စ်ဘုတ် အစရှိသည့် လူမှုကွန်ရက်များမှတစ်ဆင့် တတ်အားသမျှ ပြန်လည် မျှဝေကြရင်း တိုက်ပွဲကြားရောက်နေသည့် အခြေခံပြည်သူများသိရှိနိုင်ကြစေရန် ရည်ရွယ်ရေးသားပါသည်။

၉။ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် အခြေစိုက်သည့် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) မှာ စစ်ရာဇဝတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်ရက်စက်သည့် ရာဇဝတ်မှု (crime against humanity) တို့အား စစ်ဆေး စွဲဆို ကြားနာ စီရင်ပါသည်။ တိုင်ကြားရန်ရှိသူ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုတို့အနေဖြင့် အဆိုပါ ICC ၏ စွဲဆိုရေးမှူးရုံး (Office of The Prosecutor) သို့ တိုင်ကြားချက် ပေးပို့နိုင်ကြပါသည်။ ဆက်သွယ်ပြောကြားချက်များ (communications) ဟု ခေါ်တွင်သည့် အဆိုပါ တိုင်ကြားချက်များကို အင်္ဂလိပ်ဘာသာ သို့မဟုတ် ပြင်သစ်ဘာသာ သို့မဟုတ် ICC ရုံးတော်၏ ရုံးသုံးဘာသာစကား တစ်ခုခုဖြစ်သည့် အာရဗီ၊ တရုတ်၊ ရုရှား၊ စပိန် တမျိုးမျိုးဖြင့် ရေးသားလျက် အောက်ပါ လိပ်စာသို့ ပေးပို့ပါက စွဲဆိုရေးမှူးရုံးသည် ရောက်လာသည့် ဆက်သွယ်ပြောကြားချက်၏ အကျုံးဝင်မှု၊ အမှုလေးနက်မှု၊ အချက်အလက်ခိုင်မာမှုတို့ကို ကနဦးဆန်းစစ်မှု (initial review) ပြုလုပ်လျက် အမှုအား ဆက်လက်ကိုင်တွယ် လုပ်ဆောင်ရန် သင့်မသင့်ကို သုံးသပ်ဆုံးဖြတ်မည် ဖြစ်ပါသည်။

ဆက်သွယ်ပြောကြားချက် တစ်ရပ်ရပ်ကို OTC သို့ ပေးပို့ရန် နည်းလမ်း သုံးသွယ်ရှိပါသည်။

စာတိုက်မှ ပို့ရန် လိပ်စာ –
International Criminal Court
Office of the Prosecutor
Communications
Post Office Box 19519
2500 CM The Hague
The Netherlands
အီးမေးလ်ဖြင့် ပို့ရန် – otp.informationdesk@icc-cpi.int
ဖက်စ် (fax) ဖြင့် ပို့ရန် – +31 70 515 8555

၁၀။ သတိမူရန်တစ်ချက်မှာ မြန်မာနိုင်ငံသည် ဂျနီဗာကွန်ဗန်းရှင်း ကို လိုက်နာလုပ်ဆောင်ရန် သဘောတူထားသည့်နိုင်ငံတစ်နိုင်ငံ (a state party) ဖြစ်သော်ငြားလည်း နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါ။ သို့သော်ငြားလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံဖက်သို့ မျက်စိလည်လမ်းမှားရောက်သွားသော မြန်မာတပ်သား တစ်ဦးမှာ တိုင်ကြားခံရချက်များနှင့် ပတ်သက်နေသည် ဟု ဆိုကာ ၎င်းအား ဘင်္ဂလာဒေ့ရှ်နိုင်ငံက ICC သို့ လွှဲပြောင်း ပေးရန် စီစဉ်နေသည်။

၁၁။ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (IHL) အား မူရင်းအတိုင်း ဖတ်ရှုနိုင်ရန် နှင့် လိုအပ်ပါက download ချနိုင်စေရန်အလို့ငှာ Kyaw Zaw Oo’s Blog တွင် ပုံနှိပ်ထားသည့် ဤဆောင်းပါးစာစုအဆုံးတွင် link များ တင်ပေးထားပါသည်။

ရခိုင်သူရခိုင်သားများ ကျန်းမာကြပါစေ။

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
၂၀၁၉ ဖေဖော်ဝါရီလ (၂) ရက်

======
ကိုးကား –
သြစတေးလျ ကြက်ခြေနီအဖွဲ့ website ၏ “What is International Humanitarian Law?” ဆောင်းပါးကို ဘာသာပြန် ဖြည့်စွက်ရေးသားပါသည်။

https://www.redcross.org.au/get-involved/take-action/take-action-on-an-issue/what-is-international-humanitarian-law


နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (IHL) အား အပိုင်းအလိုက် အောက်ပါ link များတွင် ဖတ်ရှုနိုင်ပါသည်။ download ချနိုင်ပါသည်။









*****************************

Leave a comment