သမ္မတနဲ့ဖိုးအိုဝမ်း သို့မဟုတ် နိုင်ငံတော်အမှားတစ်ခု

သမၼတနဲ႔ဖုိးအုိဝမ္း သုိ႔မဟုတ္ ႏုိင္ငံေတာ္အမွားတစ္ခု

ဖုိးအုိဝမ္းဆုိတာ ရာဇဝတ္က်င့္ထုံးဥပေဒ၊ပုဒ္မ ၄၀၁ ကုိဆုိလုိတာပါ။
ဒီပုဒ္မအရ ႏုိင္ငံေတာ္အႀကီးအကဲျဖစ္တဲ့ ဘုရင္/သမၼတက ျပစ္ဒဏ္က်ခံေန
သူ တစ္ဦးဦးကုိ သူလုိက္နာရမဲ့ စည္းကမ္းခ်က္နဲ႔ျဖစ္ေစ၊စည္းကမ္းခ်က္
မထားဘဲျဖစ္ေစ သူ႔အေပၚခ်မွတ္ထားတဲ့ျပစ္ဒဏ္ကုိ ရပ္ဆုိင္း/ဆုိင္းငံ့
( suspend)ထားျခင္းျပဳလုပ္ႏုိင္သလုိ ျပစ္ဒဏ္အားလုံးကုိျဖစ္ေစ၊
တစ္စိတ္တစ္ပုိင္းကုိျဖစ္ေစ ပယ္ဖ်က္(remit)ၿပီး လုံးဝလြတ္ၿငိမ္းခြင့္
ေပးလုိ႔လည္းရပါတယ္။

အမွန္မွာေတာ့ ပုဒ္မ ၄၀၁ ပါႏုိင္ငံံေတာ္အႀကီးအကဲရဲ႕အာဏာနဲ႔၄င္းထက္
ပုိမုိက်ယ္ဝန္းတဲ့ျပစ္ဒဏ္မွလြတ္ၿငိမ္းခ်မ္းသာခြင့္ေပးျခင္း(pardon or amnesty)ဆုိတဲ့အာဏာေတြဟာ ရာဇဝတ္က်င့္ထုံးဥပေဒကုိစတင္ျပ႒ာန္း
ခဲ့တဲ့အခ်ိန္မတုိင္မီ ေရွးပေဝသဏီကပင္ သက္ဦးဆံပုိင္ရွင္ဘုရင္မ်ားက
သနားၾကင္နာမႈ(mercy)အရ ေပးခဲ့တဲ့ သက္ညႇာမႈ(clemency)
ျဖစ္ပါတယ္။ pardon ကုိျပစ္ဒဏ္က်ခံေနရသူတစ္ဦးခ်င္းအား ျပစ္ဒဏ္မွ
လြတ္ၿငိမ္းခြင့္ေပးရာမွာသုံးၿပီး amnesty ကုိေတာ့ လူအမ်ားကုိ ျပစ္ဒဏ္မွ
လြတ္ၿငိမ္းခြင့္ေပးတဲ့ကိစၥမွာသုံးစြဲပါတယ္။အဲဒါကုိ General နဲ႔တြဲၿပီး General Amnesty(အေထြေထြလြတ္ျငိမ္းခ်မ္းသာခြင့္)လုိ႔လည္းေခၚၾက
ပါတယ္။ေရွးအခါကေတာ့ ဥပေဒျပ႒ာန္းခ်က္အရမဟုတ္ဘဲ ဘုရင္ျဖစ္လုိ႔ သုံးစြဲတဲ့ လြတ္ၿငိမ္းခ်မ္းသာခြင့္အမိန္႔ (prerogative of mercy)
ျဖစ္ပါတယ္။

စည္းမ်ဥ္းခံဘုရင္စနစ္(constitutional monarchy)ကုိ က်င့္သုံးတဲ့ႏုိင္ငံနဲ႔
ဘုရင္စနစ္ကုိအစားထုိးတဲ့ သမၼတႏုိင္ငံ(Republic)စနစ္ကုိ က်င့္သုံးတဲ့
ႏုိင္ငံေတြမွာေတာ့ ဒီအာဏာကုိ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒနဲ႔ရာဇဝတ္
က်င့္ထုံးဥပေဒလုိ လုပ္ထုံးလုပ္နည္းဆုိင္ရာဥပေဒေတြမွာထည့္သြင္းျပ႒ာန္း
လာခဲ့ၾကပါတယ္။

ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးႏုိင္တဲ့အာဏာ (power to grant pardon) ကုိ ၁၉၄၇ ခုႏွစ္၊ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒ၊ပုဒ္မ ၆၀ မွာႏုိင္ငံေတာ္သမၼတအား အပ္ႏွင္းထားေသာ္လည္း ၁၉၇၄ ခုႏွစ္၊ဖြဲ႕စည္းပုံ
အေျခခံဥပေဒ၊ပုဒ္မ ၇၃(ဏ)မွာေတာ့ ႏုိင္ငံေတာ္ေကာင္စီအားအပ္ႏွင္းထား
ပါတယ္။ႏုိင္ငံေတာ္ေကာင္စီရဲ႕ဆုံးျဖတ္ခ်က္အရ ႏုိင္ငံေတာ္သမၼတက
ထုိအာဏာကုိ က်င့္သုံးရမယ္ဆုိတဲ့ သေဘာပါ။ ၂၀၀၈ ခုႏွစ္၊ ဖြဲ႕စည္းပုံ
အေျခခံဥပေဒ၊ပုဒ္မ ၂၀၄၊ပုဒ္မခြဲ(က)မွာ “ႏုိင္ငံေတာ္သမၼတသည္
‘ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္’ ေပးပုိင္ခြင့္ရွိသည္” လုိ႔ျပ႒ာန္းထားၿပီး၊ပုဒ္မခြဲ(ခ)
မွာေတာ့ “အမ်ဳိးသားကာကြယ္ေရးႏွင့္လုံျခဳံေရးေကာင္စီ၏ေထာက္ခံခ်က္
ႏွင့္အညီ ‘လြတ္ၿငိမ္းခ်မ္းသာခြင့္’ေပးပုိင္ခြင့္ရွိသည္”လုိ႔ျပ႒ာန္းထားတာကုိ ေတြ႕ရွိရပါတယ္။ဒီေနရာမွာ”ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္”နဲ႔”လြတ္ၿငိမ္းခ်မ္းသာ
ခြင့္” ဆုိၿပီး ခြဲျခားသုံးစြဲထားတဲ့ေဝါဟာရႏွစ္ခုရဲ႕အဓိပၸါယ္က ဘယ္လုိျခားနား
တယ္္ဆုိတာကုိ မသိရပါဘူး။

၂၀၀၈ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၀၄ ရဲ႕အဂၤလိပ္ဘာသာျပန္ကုိ ၾကည့္တဲ့အခါမွာေတာ့ “ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္” ေပးျခင္းကုိ “power to
grant a pardon”လုိ႔ျပန္ဆုိထားၿပီး၊”လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးျခင္း” ကုိ
ေတာ့ “power to grant amnesty” လုိ႔ျပန္ဆုိထားတာကုိေတြ႕ရွိရပါ
တယ္။ဒီလုိခြဲျခားၿပီးျမန္မာျပန္ဆုိထားေပမဲ့ ျမန္မာဘာသာေဝါဟာရႏွစ္ခုက
အဓိပၸါယ္တူစကားရပ္မ်ားျဖစ္ေနေတာ့ ကြဲျပားျခားနားမႈ မေပၚလြင္ပါဘူး။
အဂၤလိပ္-ျမန္မာ အဘိဓာန္ေတြမွာ pardon နဲ႔ amnesty တုိ႔ရဲ႕အဓိပၸါယ္
ေတြကုိ ေဖာ္ျပၾကရာမွာလည္း သိပ္မကြဲျပားဘဲ ဆင္တူးရုိးမွားျဖစ္ေနတာကုိ
ေတြ႕ရပါတယ္။ရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၄၀၁ အရ နဲ႔လက္ေတြ႕
ေဆာင္ရြက္ပုံအရ ဆုိရင္ေတာ့ pardon ဆုိတာျပစ္ဒဏ္က်ခံေနရသူ တစ္ဦး
ခ်င္းကုိ ျပစ္ဒဏ္ေလၽွာ့ေပးျခင္း၊ျပစ္ဒဏ္မွလႊတ္ေပးျခင္းျဖစ္ၿပီး amnesty
ဆုိတာကေတာ့ ျပစ္ဒဏ္က်ခံေနရသူအမ်ားကုိ ျပစ္ဒဏ္ေလၽွာ့ေပးျခင္း၊ ျပစ္ဒဏ္မွလႊတ္ေပးျခင္းျဖစ္လုိ႔ တစ္ဦးနဲ႔အမ်ားသာကြာျခားျခင္းျဖစ္တာ
ေၾကာင့္ pardon ကုိ”လြတ္ၿငိမ္းခ်မ္းသာခြင့္”၊ amnesty ကုိ
“အေထြေထြလြတ္ၿငိမ္းခ်မ္းသာခြင့္” လုိ႔ ခြဲျခားၿပီး ျမန္မာျပန္ဆုိသုံးစြဲရင္
သင့္မလား လုိ႔စဥ္းစားမိတယ္။

၂၀၀၈ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ အဂၤလိပ္ဘာသာျပန္ဆုိခ်က္ကုိ
အမွန္ယူမယ္ဆုိရင္ေတာ့ ႏုိင္ငံေတာ္သမၼတအေနနဲ႔ ျပစ္ဒဏ္က်ခံေနရသူ
တစ္ဦးခ်င္းအားျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးျခင္း(pardon)ကုိ၄င္း၏သေဘာ
အေလၽွာက္ဆုံးျဖတ္ႏုိင္ေသာ္လည္း ျပစ္ဒဏ္က်ခံေနရသူအမ်ားအား
ျပစ္ဒဏ္အသီးသီးမွလြတ္ၿငိမ္းခြင့္ေပးျခင္းကုိမူ ၄င္းတစ္ဦတည္း၏သေဘာ
ဆနၵအရ မေဆာင္ရြက္ႏုိင္ဘဲအမ်ဳိးသားကာကြယ္ေရးႏွင့္လုံျခဳံေရးေကာင္စိ
ရဲ႕ဆုံးျဖတ္ခ်က္အရသာ ေဆာင္ရြက္ခြင့္ရွိမွာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံလြတ္လပ္ေရးရၿပီးေနာက္ပုိင္းအစုိးရအဆက္ဆက္လက္ထက္
မွာ ႏုိင္ငံေတာ္မွာထူးျခားတဲ့ေဆာင္ရြက္မႈတစ္ရပ္ရပ္ကုိအေၾကာင္းျပဳၿပီး
ႏုိင္ငံေတာ္အႀကီးအကဲ သုိ႔မဟုတ္ ႏုိင္ငံေတာ္ရဲ႕အျမင့္ဆုံးအုပ္ခ်ဳပ္ေရး
အဖြဲ႕က လြတ္ၿငိမ္းခ်မ္းသာခြင့္အမိန္႔မ်ားကုိ ထုတ္ျပန္ခဲဲ့ၾကရာမွာအေထြေထြ
လြတ္ၿငိမ္းခ်မ္းသာခြင့္အမိန္႔(general amnesty order)အျဖစ္ထုတ္ျပန္ခဲ့
ျခင္းျဖစ္ၿပီး ႀကီးေလးတဲ့ျပစ္ဒဏ္ကေန ၄င္းျပစ္ဒဏ္ေအာက္ေလၽွာ့ေပါ့တဲ့
ျပစ္ဒဏ္သုိ႔ ေျပာင္းလဲ(commute)ေပးျခင္းပါသလုိအမိန္႔မွာသတ္မွတ္
ေဖာ္ျပထားတဲ့ေထာင္ဒဏ္နဲ႔၄င္းေထာင္ဒဏ္ေအာက္က်ခံေနရတဲ့ အက်ဥ္း
သားအားလုံးကုိ ပုဂၢဳိလ္အရ၊ျပစ္မႈအမ်ဳိးအစားအရခြဲျခားျခင္းမျပဳဘဲ ျပစ္ဒဏ္မွ လြတ္ၿငိမ္းခြင့္ေပးခဲ့တာျဖစ္ပါတယ္။ဒါအျပင္ရာဇဝတ္က်င့္ထုံး
ဥပေဒ၊ပုဒ္္မ ၄၀၁ အရ ပုဂၢဳိလ္တစ္ဦးခ်င္းအား(အမ်ားအားျဖင့္)စည္းကမ္း
ခ်က္သတ္မွတ္ၿပီး ျပစ္ဒဏ္မွလြတ္ျငိမ္းခြင့္ေပးခဲ့တာေတြလည္း ရွိပါတယ္။
ဒီလုိကိစၥမ်ဳိးကုိေတာ့ ျပည္သူအမ်ားသိရွိေအာင္ ေၾကညာေလ့မရွိပါဘူး။

လက္ရွိဖြဲ႕စည္းပုံဥပေဒအရ တက္လာတဲ့အစုိးရေတြထဲမွာ ယခင္အစုိးရမ်ား
က ထုတ္ျပန္ခဲ့တဲ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ အမိန္႔မ်ားကုိ သတိမျပဳမိခဲ့ေပမဲ့ လက္ရွိအစုိးရလက္ထက္ ဧၿပီ ၂၆ ရက္ေန႔စြဲပါ အက်ဥ္းသား ၇ ေထာင္
ေလာက္ကုိ လြတ္ၿငိမ္းခြင့္ေပးခဲ့တဲ့အမိန္႔နဲ႔ပတ္သက္လုိ႔ ဥပေဒေၾကာင္းအရ၊
လုပ္ထုံးလုပ္လုပ္နည္းအရေထာက္ျပစရာအခ်က္တခ်ဳိ႕ကုိေတြ႕ရတာ
ၾကာင့္ ေအာက္မွာေရးျပလုိက္ပါတယ္ –

အဲဒီအမိန္႔ကုိ ရာဇဝတ္က်င့္ထုံးဥပေဒ၊ ပုဒ္မ ၄၀၁(၁)အရ ထုတ္ျပန္ျခင္း
ျဖစ္ေၾကာင္းေဖာ္ျပထားေပမဲ့ ပုဒ္မ ၄၀၁ နဲ႔ညီညြတ္တဲ့အမိန္႔မဟုတ္ပါဘူး။
ပုဒ္မ ၄၀၁ ပါအာဏာကုိျပစ္ဒဏ္က်ခံေနရသူ တစ္ဦးခ်င္းအား ျပစ္ဒဏ္မွ
လြတ္ၿငိမ္းခြင့္ေပးတဲ့ကိစၥမွာသာ အသုံးျပဳရပါတယ္။ဒီအခ်က္မွန္ကန္
ေၾကာင္းကုိ ပုဒ္မ ၄၀၁(၁)ရဲ႕ေနာက္မွာပါတဲ့ ပုဒ္မခြဲေတြကုိ ဆက္ဖတ္ၾကည့္
ရင္သိႏုိင္ပါတယ္။ယခုကဲ့သုိ႔ ျပစ္ဒဏ္က်ခံေနရသူ ၇ ေထာင္ေလာက္ကုိ
လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးတဲ့ကိစၥမွာ ပုဒ္မ ၄၀၁ ကုိသုံးျခင္းဟာ မွားယြင္းမႈ
ျဖစ္ပါတယ္။
အမွန္က အေျခခံဥပေဒပုဒ္မ၂၀၄(ခ)အရ”အေထြေထြလြတ္ၿငိမ္းခ်မ္းသာခြင့္
အမိန္႔”(General Amnesty Order) ကုိသာထုတ္ျပန္ရမွာျဖစ္ပါတယ္။ဒီလုိ
မွားရတဲ့ အေၾကာင္းရင္းကုိ စဥ္းစားၾကည့့္တဲ့အခါ ယခုလုိအျပစ္က်ေနသူ
ေျမာက္ျမားစြာကုိ ျပစ္ဒဏ္မွလြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလုိရင္ အေျခခံဥပေဒ ပုဒ္မ ၂၀၄(ခ)အရ အမ်ဳိးသားကာကြယ္ေရးႏွင့္လုံျခဳံေရး
ေကာင္စီရဲ႕ ဆံုးျဖတ္ခ်က္ လုိအပ္ပါတယ္။ဒါေပမဲ့ ဒီေကာင္စီအစည္းအေဝး
ေခၚဖုိ႔ကိစၥမွာ တာဝန္ရွိသူတခ်ဳိြ႕ရဲ႕အတၱစြဲနဲ႔အာဏာျပဳိင္မႈ၊ငါတေကာေကာမႈ
ေၾကာင့္ OIC,ICC နဲ႔ အေနာက္အုပ္စုရဲ႕ UN ကုိအလြဲသုံးစားလုပ္ၿပီး ႏုိင္ငံရဲ႕
အခ်ဳပ္အျခာအာဏာကုိ ေစာ္ကားမႈရွိေနတာေတာင္မေထာက္ထားႏုိင္ၾက
လုိ႔ အဲဒီ ကာ/လုံ ႀကီးက ႏုိင္ငံအက်ဳိးအတြက္ ဘာမွသုံးလုိ႔မရေတာ့ဘူး
ဆုိတာ ျပည္သူေတြသိေနၾကပါၿပီ။ဒီေတာ့ ဒါဟာ ပုဒ္မ ၄၀၁(၁) ကုိတစ္လြဲ
သုံးရျခင္းရဲ႕ အဓိကအေၾကာင္းတရားျဖစ္တယ္ဆုိတာ ထင္ရွားပါတယ္။

ဒီမွားယြင္းမႈရဲ႕အက်ဳိးဆက္ျဖစ္တဲ့ ဆုိးက်ဳိးကေတာ့ ႏုိင္ငံအတြင္းရွိ အဓိကရ အက်ဥ္းေထာင္ေတြမွာ ေထာင္ဆူပူမႈေတြ၊မီးရႈိ့မႈေတြျဖစ္ခဲ့လုိ႔
ေသနတ္နဲ႔ပစ္ခတ္ႏွိမ္နင္းခဲ့ရတာေၾကာင့္ လူေသဆုံးမႈေတြေတာင္ ျဖစ္ခဲ့ရ
တယ္ဆုိတာပါပဲ။ေထာင္သားေတြဆူပူရတဲ့ အဓိက အေၾကာင္းက ျပစ္မႈ
အမ်ဳိးအစား၊ျပစ္ဒဏ္ကာလ အတူတူ သုိ႔မဟုတ္ ပုိနည္းသူ ျဖစ္ပါလ်က္ လႊတ္ခ်င္တဲ့လူကုိေတာ့လႊတ္တယ္၊ မလႊတတ္ခ်င္တဲ့သူကုိေတာ့ မလႊတ္ဘူးဆုိတဲ့ အခ်က္ပါပဲ။ဒီစြပ္စြဲခ်က္ မမွန္ေၾကာင္း ဆုိင္ရာအာဏာပုိင္
ကျပန္ရွင္းတာမ်ဳိးကုိေတာ့ မေတြ႕မိလုိ႔ စြပ္စြဲခ်က္မွန္တယ္လုိ႔ပဲ ဆုိရေတာ့မယ္။

ေနာက္တစ္ခုကေတာ့ တုိက္ဆုိင္မႈလုိ႔ဆုိရမလား တမင္လုပ္တာလား
ဆုိတာ ခြဲျခားမသိရတဲ့ကိစၥပါ။ အစုိးရလၽွုိ႔ဝွက္ခ်က္ဥပေဒအရ ျပစ္မႈထင္ရွား ေတြ႕ရွိ၊ႀကီးေလးတဲ့ေထာင္ဒဏ္ခ်မွတ္ခံရၿပီး အယူခံအဆင့္ဆင့္ရႈံးခဲ့တဲ့
သတင္းေထာက္ႏွစ္ဦးဟာ အျမင့္ဆုံးအယူခံရုံးက အယူခံပယ္ၿပီးေနာက္
ရက္ပုိင္း/လပုိင္းအတြင္းမွာပဲဲ အဲဒီအမိန္႔အရ ျပစ္ဒဏ္ကကြင္းလုံးကၽြတ္
လြတ္ေျမာက္သြားၾကေတာ့ သူတုိ႔ကုိလႊတ္ေပးဖုိ႔ အေနာက္အုပ္စုက အႀကီးအက်ယ္ ဖိအားေတြေပး၊ သူတုိ႔ကုိလည္း သူရဲေကာင္းႀကီးမ်ား
အျဖစ္ ဆုေတြဘာေတြ ေပးေနၾကတာျဖစ္လုိ႔ ျမန္မာ့တရားစီရင္ေရးစနစ္
လည္း ဘုံးဘုံးလဲက်ခဲ့ရပါေတာ့တယ္။တကယ္ဆုိ တရားခံေတြရဲ႕ အသက္
အရြယ္နဲ႔မိသားစု အေျခအေနကုိ ေထာက္ထားစာနာၿပီး က်ခံရန္က်န္ရွိေန
တဲ့ျပစ္ဒဏ္ကုိ ေလၽွာ္ပစ္(remit) လုပ္ေပးတာမ်ဳိးဆုိရင္ေတာ့ နတ္လူ သာဓု
ေခၚရမဲ့ကိစၥမ်ဳိးျဖစ္မွာပါ။

အဲဒီ လြတ္ျငမ္းခ်မ္းသာခြင့္အမိန္႔ဟာ ဥပေဒအရ မွန္သည္ဆုိေစဦးေတာ့
အစုိးရသစ္/သမၼတသစ္ တစ္ခါတက္တုိင္း ယခုလုိသာ အမိန္႔ေတြ ထုတ္ျပန္
ေနၾကမယ္ဆုိရင္ေတာ့ တရားစြံအဖြဲ႕အစည္းေတြ၊ တရားရုံးေတြ ဆက္ထား
ဖုိ႔လုိပါေသးလားလုိ႔ ေမးရမလုိ ျဖစ္ေနေၾကာင္းပါခင္ဗ်ာ။

သမ္မတနဲ့ဖိုးအိုဝမ်း သို့မဟုတ် နိုင်ငံတော်အမှားတစ်ခု

ဖိုးအိုဝမ်းဆိုတာ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ပုဒ်မ ၄၀၁ ကိုဆိုလိုတာပါ။
ဒီပုဒ်မအရ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ ဘုရင်/သမ္မတက ပြစ်ဒဏ်ကျခံနေ
သူ တစ်ဦးဦးကို သူလိုက်နာရမဲ့ စည်းကမ်းချက်နဲ့ဖြစ်စေ၊စည်းကမ်းချက်
မထားဘဲဖြစ်စေ သူ့အပေါ်ချမှတ်ထားတဲ့ပြစ်ဒဏ်ကို ရပ်ဆိုင်း/ဆိုင်းငံ့
( suspend)ထားခြင်းပြုလုပ်နိုင်သလို ပြစ်ဒဏ်အားလုံးကိုဖြစ်စေ၊
တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပယ်ဖျက်(remit)ပြီး လုံးဝလွတ်ငြိမ်းခွင့်
ပေးလို့လည်းရပါတယ်။

အမှန်မှာတော့ ပုဒ်မ ၄၀၁ ပါနိုင်ငံံတော်အကြီးအကဲရဲ့အာဏာနဲ့၄င်းထက်
ပိုမိုကျယ်ဝန်းတဲ့ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း(pardon or amnesty)ဆိုတဲ့အာဏာတွေဟာ ရာဇဝတ်ကျင့်ထုံးဥပဒေကိုစတင်ပြဋ္ဌာန်း
ခဲ့တဲ့အချိန်မတိုင်မီ ရှေးပဝေသဏီကပင် သက်ဦးဆံပိုင်ရှင်ဘုရင်များက
သနားကြင်နာမှု(mercy)အရ ပေးခဲ့တဲ့ သက်ညှာမှု(clemency)
ဖြစ်ပါတယ်။ pardon ကိုပြစ်ဒဏ်ကျခံနေရသူတစ်ဦးချင်းအား ပြစ်ဒဏ်မှ
လွတ်ငြိမ်းခွင့်ပေးရာမှာသုံးပြီး amnesty ကိုတော့ လူအများကို ပြစ်ဒဏ်မှ
လွတ်ငြိမ်းခွင့်ပေးတဲ့ကိစ္စမှာသုံးစွဲပါတယ်။အဲဒါကို General နဲ့တွဲပြီး General Amnesty(အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်)လို့လည်းခေါ်ကြ
ပါတယ်။ရှေးအခါကတော့ ဥပဒေပြဋ္ဌာန်းချက်အရမဟုတ်ဘဲ ဘုရင်ဖြစ်လို့ သုံးစွဲတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် (prerogative of mercy)
ဖြစ်ပါတယ်။

စည်းမျဉ်းခံဘုရင်စနစ်(constitutional monarchy)ကို ကျင့်သုံးတဲ့နိုင်ငံနဲ့
ဘုရင်စနစ်ကိုအစားထိုးတဲ့ သမ္မတနိုင်ငံ(Republic)စနစ်ကို ကျင့်သုံးတဲ့
နိုင်ငံတွေမှာတော့ ဒီအာဏာကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ရာဇဝတ်
ကျင့်ထုံးဥပဒေလို လုပ်ထုံးလုပ်နည်းဆိုင်ရာဥပဒေတွေမှာထည့်သွင်းပြဋ္ဌာန်း
လာခဲ့ကြပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့အာဏာ (power to grant pardon) ကို ၁၉၄၇ ခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ပုဒ်မ ၆၀ မှာနိုင်ငံတော်သမ္မတအား အပ်နှင်းထားသော်လည်း ၁၉၇၄ ခုနှစ်၊ဖွဲ့စည်းပုံ
အခြေခံဥပဒေ၊ပုဒ်မ ၇၃(ဏ)မှာတော့ နိုင်ငံတော်ကောင်စီအားအပ်နှင်းထား
ပါတယ်။နိုင်ငံတော်ကောင်စီရဲ့ဆုံးဖြတ်ချက်အရ နိုင်ငံတော်သမ္မတက
ထိုအာဏာကို ကျင့်သုံးရမယ်ဆိုတဲ့ သဘောပါ။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေ၊ပုဒ်မ ၂၀၄၊ပုဒ်မခွဲ(က)မှာ “နိုင်ငံတော်သမ္မတသည်
‘ပြစ်ဒဏ်လွတ်ငြိမ်းခွင့်’ ပေးပိုင်ခွင့်ရှိသည်” လို့ပြဋ္ဌာန်းထားပြီး၊ပုဒ်မခွဲ(ခ)
မှာတော့ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ထောက်ခံချက်
နှင့်အညီ ‘လွတ်ငြိမ်းချမ်းသာခွင့်’ပေးပိုင်ခွင့်ရှိသည်”လို့ပြဋ္ဌာန်းထားတာကို တွေ့ရှိရပါတယ်။ဒီနေရာမှာ”ပြစ်ဒဏ်လွတ်ငြိမ်းခွင့်”နဲ့”လွတ်ငြိမ်းချမ်းသာ
ခွင့်” ဆိုပြီး ခွဲခြားသုံးစွဲထားတဲ့ဝေါဟာရနှစ်ခုရဲ့အဓိပ္ပါယ်က ဘယ်လိုခြားနား
တယ််ဆိုတာကို မသိရပါဘူး။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ရဲ့အင်္ဂလိပ်ဘာသာပြန်ကို ကြည့်တဲ့အခါမှာတော့ “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” ပေးခြင်းကို “power to
grant a pardon”လို့ပြန်ဆိုထားပြီး၊”လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း” ကို
တော့ “power to grant amnesty” လို့ပြန်ဆိုထားတာကိုတွေ့ရှိရပါ
တယ်။ဒီလိုခွဲခြားပြီးမြန်မာပြန်ဆိုထားပေမဲ့ မြန်မာဘာသာဝေါဟာရနှစ်ခုက
အဓိပ္ပါယ်တူစကားရပ်များဖြစ်နေတော့ ကွဲပြားခြားနားမှု မပေါ်လွင်ပါဘူး။
အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေမှာ pardon နဲ့ amnesty တို့ရဲ့အဓိပ္ပါယ်
တွေကို ဖော်ပြကြရာမှာလည်း သိပ်မကွဲပြားဘဲ ဆင်တူးရိုးမှားဖြစ်နေတာကို
တွေ့ရပါတယ်။ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ အရ နဲ့လက်တွေ့
ဆောင်ရွက်ပုံအရ ဆိုရင်တော့ pardon ဆိုတာပြစ်ဒဏ်ကျခံနေရသူ တစ်ဦး
ချင်းကို ပြစ်ဒဏ်လျှော့ပေးခြင်း၊ပြစ်ဒဏ်မှလွှတ်ပေးခြင်းဖြစ်ပြီး amnesty
ဆိုတာကတော့ ပြစ်ဒဏ်ကျခံနေရသူအများကို ပြစ်ဒဏ်လျှော့ပေးခြင်း၊ ပြစ်ဒဏ်မှလွှတ်ပေးခြင်းဖြစ်လို့ တစ်ဦးနဲ့အများသာကွာခြားခြင်းဖြစ်တာ
ကြောင့် pardon ကို”လွတ်ငြိမ်းချမ်းသာခွင့်”၊ amnesty ကို
“အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်” လို့ ခွဲခြားပြီး မြန်မာပြန်ဆိုသုံးစွဲရင်
သင့်မလား လို့စဉ်းစားမိတယ်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အင်္ဂလိပ်ဘာသာပြန်ဆိုချက်ကို
အမှန်ယူမယ်ဆိုရင်တော့ နိုင်ငံတော်သမ္မတအနေနဲ့ ပြစ်ဒဏ်ကျခံနေရသူ
တစ်ဦးချင်းအားပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း(pardon)ကို၄င်း၏သဘော
အလျှောက်ဆုံးဖြတ်နိုင်သော်လည်း ပြစ်ဒဏ်ကျခံနေရသူအများအား
ပြစ်ဒဏ်အသီးသီးမှလွတ်ငြိမ်းခွင့်ပေးခြင်းကိုမူ ၄င်းတစ်ဦတည်း၏သဘော
ဆန္ဒအရ မဆောင်ရွက်နိုင်ဘဲအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စိ
ရဲ့ဆုံးဖြတ်ချက်အရသာ ဆောင်ရွက်ခွင့်ရှိမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းအစိုးရအဆက်ဆက်လက်ထက်
မှာ နိုင်ငံတော်မှာထူးခြားတဲ့ဆောင်ရွက်မှုတစ်ရပ်ရပ်ကိုအကြောင်းပြုပြီး
နိုင်ငံတော်အကြီးအကဲ သို့မဟုတ် နိုင်ငံတော်ရဲ့အမြင့်ဆုံးအုပ်ချုပ်ရေး
အဖွဲ့က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များကို ထုတ်ပြန်ခဲဲ့ကြရာမှာအထွေထွေ
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်(general amnesty order)အဖြစ်ထုတ်ပြန်ခဲ့
ခြင်းဖြစ်ပြီး ကြီးလေးတဲ့ပြစ်ဒဏ်ကနေ ၄င်းပြစ်ဒဏ်အောက်လျှော့ပေါ့တဲ့
ပြစ်ဒဏ်သို့ ပြောင်းလဲ(commute)ပေးခြင်းပါသလိုအမိန့်မှာသတ်မှတ်
ဖော်ပြထားတဲ့ထောင်ဒဏ်နဲ့၄င်းထောင်ဒဏ်အောက်ကျခံနေရတဲ့ အကျဉ်း
သားအားလုံးကို ပုဂ္ဂိုလ်အရ၊ပြစ်မှုအမျိုးအစားအရခွဲခြားခြင်းမပြုဘဲ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်ရာဇဝတ်ကျင့်ထုံး
ဥပဒေ၊ပုဒ််မ ၄၀၁ အရ ပုဂ္ဂိုလ်တစ်ဦးချင်းအား(အများအားဖြင့်)စည်းကမ်း
ချက်သတ်မှတ်ပြီး ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးခဲ့တာတွေလည်း ရှိပါတယ်။
ဒီလိုကိစ္စမျိုးကိုတော့ ပြည်သူအများသိရှိအောင် ကြေညာလေ့မရှိပါဘူး။

လက်ရှိဖွဲ့စည်းပုံဥပဒေအရ တက်လာတဲ့အစိုးရတွေထဲမှာ ယခင်အစိုးရများ
က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကို သတိမပြုမိခဲ့ပေမဲ့ လက်ရှိအစိုးရလက်ထက် ဧပြီ ၂၆ ရက်နေ့စွဲပါ အကျဉ်းသား ၇ ထောင်
လောက်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့အမိန့်နဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ၊
လုပ်ထုံးလုပ်လုပ်နည်းအရထောက်ပြစရာအချက်တချို့ကိုတွေ့ရတာ
ကြာင့် အောက်မှာရေးပြလိုက်ပါတယ် –

အဲဒီအမိန့်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ပုဒ်မ ၄၀၁(၁)အရ ထုတ်ပြန်ခြင်း
ဖြစ်ကြောင်းဖော်ပြထားပေမဲ့ ပုဒ်မ ၄၀၁ နဲ့ညီညွတ်တဲ့အမိန့်မဟုတ်ပါဘူး။
ပုဒ်မ ၄၀၁ ပါအာဏာကိုပြစ်ဒဏ်ကျခံနေရသူ တစ်ဦးချင်းအား ပြစ်ဒဏ်မှ
လွတ်ငြိမ်းခွင့်ပေးတဲ့ကိစ္စမှာသာ အသုံးပြုရပါတယ်။ဒီအချက်မှန်ကန်
ကြောင်းကို ပုဒ်မ ၄၀၁(၁)ရဲ့နောက်မှာပါတဲ့ ပုဒ်မခွဲတွေကို ဆက်ဖတ်ကြည့်
ရင်သိနိုင်ပါတယ်။ယခုကဲ့သို့ ပြစ်ဒဏ်ကျခံနေရသူ ၇ ထောင်လောက်ကို
လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စမှာ ပုဒ်မ ၄၀၁ ကိုသုံးခြင်းဟာ မှားယွင်းမှု
ဖြစ်ပါတယ်။
အမှန်က အခြေခံဥပဒေပုဒ်မ၂၀၄(ခ)အရ”အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်
အမိန့်”(General Amnesty Order) ကိုသာထုတ်ပြန်ရမှာဖြစ်ပါတယ်။ဒီလို
မှားရတဲ့ အကြောင်းရင်းကို စဉ်းစားကြည့့်တဲ့အခါ ယခုလိုအပြစ်ကျနေသူ
မြောက်မြားစွာကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုရင် အခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ)အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး
ကောင်စီရဲ့ ဆုံးဖြတ်ချက် လိုအပ်ပါတယ်။ဒါပေမဲ့ ဒီကောင်စီအစည်းအဝေး
ခေါ်ဖို့ကိစ္စမှာ တာဝန်ရှိသူတချိုွ့ရဲ့အတ္တစွဲနဲ့အာဏာပြိုင်မှု၊ငါတကောကောမှု
ကြောင့် OIC,ICC နဲ့ အနောက်အုပ်စုရဲ့ UN ကိုအလွဲသုံးစားလုပ်ပြီး နိုင်ငံရဲ့
အချုပ်အခြာအာဏာကို စော်ကားမှုရှိနေတာတောင်မထောက်ထားနိုင်ကြ
လို့ အဲဒီ ကာ/လုံ ကြီးက နိုင်ငံအကျိုးအတွက် ဘာမှသုံးလို့မရတော့ဘူး
ဆိုတာ ပြည်သူတွေသိနေကြပါပြီ။ဒီတော့ ဒါဟာ ပုဒ်မ ၄၀၁(၁) ကိုတစ်လွဲ
သုံးရခြင်းရဲ့ အဓိကအကြောင်းတရားဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

ဒီမှားယွင်းမှုရဲ့အကျိုးဆက်ဖြစ်တဲ့ ဆိုးကျိုးကတော့ နိုင်ငံအတွင်းရှိ အဓိကရ အကျဉ်းထောင်တွေမှာ ထောင်ဆူပူမှုတွေ၊မီးရှို့မှုတွေဖြစ်ခဲ့လို့
သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့ရတာကြောင့် လူသေဆုံးမှုတွေတောင် ဖြစ်ခဲ့ရ
တယ်ဆိုတာပါပဲ။ထောင်သားတွေဆူပူရတဲ့ အဓိက အကြောင်းက ပြစ်မှု
အမျိုးအစား၊ပြစ်ဒဏ်ကာလ အတူတူ သို့မဟုတ် ပိုနည်းသူ ဖြစ်ပါလျက် လွှတ်ချင်တဲ့လူကိုတော့လွှတ်တယ်၊ မလွှတတ်ချင်တဲ့သူကိုတော့ မလွှတ်ဘူးဆိုတဲ့ အချက်ပါပဲ။ဒီစွပ်စွဲချက် မမှန်ကြောင်း ဆိုင်ရာအာဏာပိုင်
ကပြန်ရှင်းတာမျိုးကိုတော့ မတွေ့မိလို့ စွပ်စွဲချက်မှန်တယ်လို့ပဲ ဆိုရတော့မယ်။

နောက်တစ်ခုကတော့ တိုက်ဆိုင်မှုလို့ဆိုရမလား တမင်လုပ်တာလား
ဆိုတာ ခွဲခြားမသိရတဲ့ကိစ္စပါ။ အစိုးရလျှို့ဝှက်ချက်ဥပဒေအရ ပြစ်မှုထင်ရှား တွေ့ရှိ၊ကြီးလေးတဲ့ထောင်ဒဏ်ချမှတ်ခံရပြီး အယူခံအဆင့်ဆင့်ရှုံးခဲ့တဲ့
သတင်းထောက်နှစ်ဦးဟာ အမြင့်ဆုံးအယူခံရုံးက အယူခံပယ်ပြီးနောက်
ရက်ပိုင်း/လပိုင်းအတွင်းမှာပဲဲ အဲဒီအမိန့်အရ ပြစ်ဒဏ်ကကွင်းလုံးကျွတ်
လွတ်မြောက်သွားကြတော့ သူတို့ကိုလွှတ်ပေးဖို့ အနောက်အုပ်စုက အကြီးအကျယ် ဖိအားတွေပေး၊ သူတို့ကိုလည်း သူရဲကောင်းကြီးများ
အဖြစ် ဆုတွေဘာတွေ ပေးနေကြတာဖြစ်လို့ မြန်မာ့တရားစီရင်ရေးစနစ်
လည်း ဘုံးဘုံးလဲကျခဲ့ရပါတော့တယ်။တကယ်ဆို တရားခံတွေရဲ့ အသက်
အရွယ်နဲ့မိသားစု အခြေအနေကို ထောက်ထားစာနာပြီး ကျခံရန်ကျန်ရှိနေ
တဲ့ပြစ်ဒဏ်ကို လျှော်ပစ်(remit) လုပ်ပေးတာမျိုးဆိုရင်တော့ နတ်လူ သာဓု
ခေါ်ရမဲ့ကိစ္စမျိုးဖြစ်မှာပါ။

အဲဒီ လွတ်ငြမ်းချမ်းသာခွင့်အမိန့်ဟာ ဥပဒေအရ မှန်သည်ဆိုစေဦးတော့
အစိုးရသစ်/သမ္မတသစ် တစ်ခါတက်တိုင်း ယခုလိုသာ အမိန့်တွေ ထုတ်ပြန်
နေကြမယ်ဆိုရင်တော့ တရားစွံအဖွဲ့အစည်းတွေ၊ တရားရုံးတွေ ဆက်ထား
ဖို့လိုပါသေးလားလို့ မေးရမလို ဖြစ်နေကြောင်းပါခင်ဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s