အသက်(၁၈)နှစ်မပြည့်သေးသည့် ကလေးသူငယ် မောင်းနှင်လာသော ဆိုင်ကယ်မှ လူအားဝင်တိုက်မိ၍ ဆိုင်ကယ်အတိုက်ခံရသူသေဆုံးမှုတွင် အုပ်ထိန်းသူတွင်လည်း တာဝန်ရှိခြင်း
~~~~~
written by ရဲအုပ်အောင်ကျော်ထွန်း
၂၀၁၉ခုနှစ်၊ကလေးသူငယ်များအခွင့်အရေး
ဆိုင်ရာဥပဒေ၊ပုဒ်မ ၃(ခ)တွင် ကလေးသူငယ်ဆို
သည်မှာအသက်(၁၈)နှစ်မပြည့်သေးသူကိုခေါ်ဆို
ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုထားသဖြင့် ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံအတွင်းရှိ အသက်(၁၈)နှစ်
မပြည့်သေးသူအားလုံးသည် ၂၀၁၉ခုနှစ်၊ဇူလိုင်လ
၂၃ ရက်နေ့မှစ၍ ကလေးသူငယ်များဖြစ်သွားကြ
လေသည်။ခေတ်ကာလတိုးတက်ထွန်းကားလာ
သည်နှင့်အမျှအများပြည်သူဆိုင်ရာလမ်းမပေါ်တွင်
မောင်းနှင်နေကြသောဆိုင်ကယ်များ၏ရာခိုင်နှုန်း
တစ်ခုသည် ထိုအသက်(၁၈)နှစ်မပြည့်သေးသည့်
ကလေးသူငယ်များမောင်းနှင်နေကြသောဆိုင်ကယ်
များဖြစ်ကြပြီးအရှိန်ပြင်းစွာဒုန်းစိုင်းမောင်းနှင်နေ
ကြသည်မှာလည်း ထိုအသက်(၁၈)နှစ်မပြည့်သေး
သောကလေးသူငယ်များမောင်းနှင်သောဆိုင်ကယ်
အများဆုံးဖြစ်သည်ကိုအားလုံးအသိပင်ဖြစ်သည်။
အကယ်၍များ လူတစ်ဦးတစ်ယောက်ကိုသာတိုက်
မိမည်ဆိုပါက ထိခိုက်ဒဏ်ရာရခြင်းနှင့်လူ့အသက်
သေဆုံးခြင်းအထိဖြစ်နိုင်ပေသည်။
မည်သူမဆို၊ရာဇဝတ်ဒဏ်ထိုက်သောလူသေမှု
အဖြစ်သော်လည်းကောင်း၊လူသတ်မှုအဖြစ်ဖြင့်
သော်လည်းကောင်း ပြစ်ဒဏ်ချမှတ်ခြင်းမခံထိုက်
သောအရမ်းပြုလုပ်မှုကို သို့တည်းမဟုတ် ပေါ့
လျော့သောပြုလုပ်မှုကိုပြု၍လူကိုသေစေလျှင်
ထိုသူကိုထောင်ဒဏ်(၇)နှစ်အထိပြစ်ဒဏ်တစ်မျိုး
မျိုးချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်
သည်ဟု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က တွင်ပြဌာန်း
ထားသည်။
ရာဇသတ်ကြီးပုဒ်မ ၃၀၄-က တွင် “မည်သူမဆို”
ဟုပြဌာန်းထားသဖြင့် လူကြီး၊လူငယ်၊ကျား၊မ
မရွေး ဤပုဒ်မ၏ပြဌာန်းချက်ပါပြစ်ဒဏ်များကို
ပြစ်မှုအတိမ်အနက် အပေါ်မူတည်၍အပြစ်ပေး
ခြင်းကိုခံကြရမည်သာဖြစ်သည်။
သို့ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်
ရာဇသတ်ကြီးပါပြဌာန်းချက်တစ်ရပ်ရပ်သည်
အထူးဥပဒေ(Special Law)၊အထွေထွေ သို့မဟုတ်
ယေဘုယျဥပဒေ(General Law)၊ဒေသန္တရဥပဒေ
(Local Law)တို့နှင့်ဆန့်ကျင်ကွဲလွဲနေလျှင် အထူး
ဥပဒေ၊အထွေထွေ သို့မဟုတ် ယေဘုယျဥပဒေနှင့်
ဒေသန္တရဥပဒေပါပြဌာန်းချက်များကိုသာလိုက်
နာအသုံးပြုရသည်။ရာဇသတ်ကြီးကို ထိုဥပဒေ
များကလွှမ်းမိုးပါသည်။ရာဇသတ်ကြီးဖြင့်ရေးဖွင့်
ထားသောအမှုတစ်ခုသည် ဖော်ပြပါဥပဒေများနှင့်
ဆက်နွယ်ပတ်သက်လာလျှင်လည်း ရာဇသတ်ကြီး
ပါပြဌာန်းချက်များကိုမလိုက်နာရဘဲ ဖော်ပြပါဥပ
ဒေများ၏ပြဌာန်းချက်လုပ်ထုံးလုပ်နည်းအတိုင်း
သာလိုက်နာဆောင်ရွက်ကြရသည်။
အသက်(၁၈)နှစ်မပြည့်သေးသောကလေးသူ
ငယ် မောင်းနှင်လာသောဆိုင်ကယ်မှလူတစ်ဦးတစ်
ယောက်အားဝင်တိုက်မိ၍ဆိုင်ကယ်ဖြင့်အတိုက်ခံရ
သူသေဆုံးသည်ဆိုရာတွင် ထိုကလေးသူငယ်အား
ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ရမည်ဖြစ်
သော်လည်း ထိုကလေးသူငယ်အား ရာဇသတ်ကြီး
ပုဒ်မ ၃၀၄-က အရအပြစ်ပေး၍မရပေ။ရာဇသတ်
ကြီးပုဒ်မ ၃၀၄-က အမှုကို ၂၀၁၉ခုနှစ်၊ကလေးသူ
ငယ်များအခွင့်အရေးဆိုင်ရာဥပဒေပါလုပ်ထုံးလုပ်
နည်းများနှင့်အညီသာ စစ်ဆေးအပြစ်ပေးရမည်
ဖြစ်ပေသည်။
၂၀၁၉ခုနှစ်၊ကလေးသူငယ်များအခွင့်အရေး
ဆိုင်ရာဥပဒေ၊ပုဒ်မ ၈၈(ဂ)တွင် သေဒဏ်၊ထောင်
တစ်သက်၊နှစ်အကန့်အသတ်မရှိထောင်ဒဏ်၊
ထောင်ဒဏ်နှစ်(၂၀)အထိချမှတ်နိုင်သောပြစ်မှု
ဖြစ်ခြင်း၊အကျင့်စာရိတ္တလွန်ကဲစွာပျက်စီးနေသော
သို့မဟုတ် မည်သည့်နည်းနှင့်မျှထိန်းသိမ်း၍မရနိုင်
သောဆိုးသွမ်းသည့်ကလေးသူငယ်ဖြစ်ခြင်းတို့ဆို
လျှင် ပုဒ်မ ၈၈(ဃ)အရ အသက်(၁၆)နှစ်မပြည့်
သေးပါက ထောင်ဒဏ်(၇)နှစ်ထက်ပို၍လည်း
ကောင်း၊အသက်(၁၆)နှစ်ပြည့်ပြီးအသက်(၁၈)နှစ်
မအြည့်သေးပါက ထောင်ဒဏ်(၁၀)နှစ်ထက်ပို၍
လည်းကောင်း ချမှတ်ခြင်းမပြုဟုပြဌာန်းထား
သည်။
ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ၏အများဆုံးပြစ်
ဒဏ်သည် ထောင်ဒဏ်(၇)နှစ်ဖြစ်သဖြင့် ကလေး
သူငယ်များအခွင့်အရေးဆိုင်ရာဥပဒေ၊ပုဒ်မ ၈၈(ဂ)
နှင့်အကျုံးမဝင်သောကြောင့် ကလေးသူငယ်အား
ထောင်ဒဏ်အပြစ်ပေးခွင့်မရှိပေ။ပြောဆိုဆုံးမ၍
မိဘအုပ်ထိန်းသူထံအပ်နှံခြင်း၊သင်တန်းကျောင်း
တစ်ခုခုသို့ပို့ဆောင်ပေးခြင်း စသည့်အရေးယူမှု
တစ်ခုခုကိုသာဆောင်ရွက်ရမည်ဖြစ်သည်။
နစ်နာသူဘက်အနေဖြင့်ဆိုင်ကယ်ဖြင့်အတိုက်
ခံရ၍သေဆုံးရာတွင်တရားခံမှာ ပြစ်ဒဏ်တစ်စုံ
တစ်ရာမရသည့်အပေါ် လူ့သဘောအရမည်သို့မျှ
ကျေနပ်ကြမည်မဟုတ်သည်မှာဓမ္မတာဖြစ်သည်။
ဤသို့ဆိုလျှင် “သားသမီးမကောင်း၊မိဘခေါင်း”ဆို
သည့်မြန်မာစကားပုံအတိုင်း ထိုကလေးသူငယ်နှင့်
ပတ်သက်သည့် “အုပ်ထိန်းသူသည်တွင်တာဝန်မရှိ
ဘူးလား” ဟူသောမေးခွန်းတစ်ရပ်ပေါ်ထွက်လာပေ
မည်။
၂၀၁၉ခုနှစ်၊ကလေးသူငယ်များအခွင့်အရေး
ဆိုင်ရာဥပဒေ၊ပုဒ်မ ၁၀၃(က)(၃)တွင် မည်သူမဆို
ကလေးသူငယ်အားဘေးအန္တရာယ်ရှိသောအလုပ်ကို
ဖြစ်စေ၊ကျန်းမာရေးကိုထိခိုက်စေသောအလုပ်ကို
ဖြစ်စေ ခိုင်းစေခြင်း သို့မဟုတ် လုပ်ကိုင်ရန်ခွင့်ပြု
ခြင်းတို့ကိုပြုလျှင် ထိုသူကိုအနည်းဆုံး(၈)လမှ
အများဆုံး(၅)နှစ်အထိထောင်ဒဏ်ချမှတ်ရမည့်
အပြင် အနည်းဆုံးကျပ်(၈)သိန်းမှအများဆုံးကျပ်
(၁၆)သိန်းအထိငွေဒဏ်လည်းချမှတ်နိုင်သည်ဟု
ပြဌာန်းထားသည်။နေအိမ်ရှိဆိုင်ကယ်အား ကလေး
သူငယ်မှထုတ်ယူစီးနင်းခြင်းသည် မိမိအတွက်
သော်လည်းကောင်း၊အခြားသူများအတွက်သော်
လည်းကောင်း ဘေးအန္တရာယ်ရှိသော အလုပ်ကို
အုပ်ထိန်းသူအနေဖြင့် ခွင့်မပြုခဲ့ပါဟုငြင်းစေအုံး
တော့ ခွင့်ပြုရာရောက်စေသည်သဘောရှိသည်မှာ
အမှန်စင်စစ်ပင်ဖြစ်လေသည်။
ဤကဲ့သို့ အသက်(၁၈)နှစ်မပြည့်သေးသော
ကလေးသူငယ်မောင်းနှင်သောဆိုင်ကယ်မှလူကိုဝင်
တိုကိမိ၍ဆိုင်ကယ်အတိုက်ခံရသူ သေဆုံးရသည့်
ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ကဲ့သို့သောအမှုမျိုး
များတွင် ထိုကလေးသူငယ်ကိုအုပ်ထိန်းရန်တာဝန်ရှိ
သော “အုပ်ထိန်းသူ” အပေါ် ၂၀၁၉ခုနှစ်၊ကလေး
သူငယ်များအခွင့်အရေးဆိုင်ရာဥပဒေ၊ပုဒ်မ ၁၀၃
(က)(၃)အရ တရားစွဲတင်ရေးဆောင်ရွက်ရန်မှာ
တရားစွဲအဖွဲ့အစည်းတွင်အဓိကတာဝန်ရှိမည်သာ
ဖြစ်မည်ဟုယူဆမိပါကြောင်း။
ရဲအုပ် အောင်ကျော်ထွန်း